ဂျပန်နိုင်ငံသားတွေဟာ ထူးထူးဆန်းဆန်း ပစ္စည်းတွေကိုလည်း တီထွင်ထုတ်လုပ်လေ့ရှိတဲ့နေရာမှာ နာမည်ကြီးကြပါတယ်။

သူတို့ဆီက ကြံကြံဖန်ဖန် ထုတ်လုပ်ထားတဲ့ ပစ္စည်းတွေဟာလည်း မြင်ရသူတွေကို တကယ်ကိုပဲ အံ့အားသင့်သွားစေနိုင်ပါတယ်။

ဒါ့ကြောင့် ပရိသတ်တွေအတွက် ဥာဏ်ကြီးရှင် ဂျပန်လူမျိုးတွေ ဖန်တီးထားတဲ့ ထူးထူးဆန်းဆန်း အသုံးအဆောင်ပစ္စည်း အချို့ကို ဖော်ပြပေးချင်ပါတယ်။

Photo from google

1-အသံမကြားနိုင်တဲ့ ကာရာအိုကေ

သီချင်းဆိုချင်တဲ့အခါ အသံဆိုးနဲ့ အိမ်နီးချင်းတွေကို မနှိပ်စက်ချင်သးတွေအတွက် တကယ်အဆင်ပြေပါတယ်။

ဒီမိုက်က ကိုယ်ကလွဲပြီး ဘယ်သူမှ မကြားရတဲ့ ကာရာအိုကေ မိုက် ဆိုတော့ ခဲ နဲ့ ထု မခံရတော့ဘူးပေါ့။

Photo from google

2- ခေါက်ထီးပုံစံ နက်ကတိုင်

မသိရင်တော့ အမျိုးသားတွေလည်ပင်းမှာချည်တဲ့ နက်ကတိုင်ပေါ့ ။နေပူလို့ဖြစ်ဖြစ် မိုးရွာလို့ဖြစ်ဖြစ် အဲ့လိုအခါမျိုးမှာတော့ ထီးအဖြစ်ဆောင်းလို့ရတာပေါ့။

Photo from google

3- မျက်စင်းခက်တဲ့ ပြွန်လေး

မျက်စိနာလို့ဖြစ်ဖြစ် မျက်စင်းခတ်ချင်တဲ့အခါ ဒီပြွန်လေးကို မျက်လုံးမှာ တပ်ထားတော့ ဘေးတွေကို စီးကျပေကုန်မှာ စိတ်မပူရတော့ဘူးလေ။

Photo from google

4- အကြားအာရုံ အတွက် နားကြပ်

ဒီနားကြပ်ကို မြင်ရင် လန့်မသွားကြပါနဲ့အူး။ နားလေးတဲ့သူတွေအတွက် အဆင်ပြေအောင် အသံကို ကျယ်ကျယ်ကြားနိုင်မှာပါ။

Photo from google

5- မိုးစိုမှာမစိုးရိမ်ရတဲ့ ထီးမိုးကာ

ထီးဆိုရင် မိုးရွာရင် ခေါင်းပဲ လုံနိုင်ပြီး ခန္ဓာကိုယ် စိုနေဦးမှာပါ။ အခုပြထားတာတော့ ခြေမျက်စိအောက်ထိ တကိုယ်လုံးမစိုအောင် လုပ်ပေးမယ့် ထီးမိုးကာပေါ့။ ရုံးသွားရုံးတက် မိုးစိုတဲ့ အဝတ်အစားကြီးနဲ့ ရုံးမှာ ထိုင်လုပ်စရာမလိုတော့ဘူးပေါ့။

Photo from google

6- (360) ဒီဂရိ ကင်မရာ

ဖေ့ဘုတ်စ်မှာဖုန်းထဲကနေ (360)နဲ့ ရိုက်ထားတဲ့ ပုံတွေလိုပဲ ။ လှအောင်လို့ တခါတည်းပြင်ပေးမယ့် ကင်မရာမျိုးပေါ့။

Photo from google

7- ရေစိုခံ ဖိနပ်ထီး

မိုးထဲရေထဲ သွားမိတဲ့အခါ ကိုယ်စီးတဲ့ဖိနပ်က ရေစိုခံလို့မရတဲ့ ဖိနပ်ဖြစ်နေရင် စိတ်ပူစရာမလိုပါဘူး ။ ထီးသေးသေးပါတဲ့ ဖိနပ် ဆိုတော့ စိုမှာလည်း စိတ်မပူရတော့ဘူး။

Source - elitereaders

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။