မိတ်ကပ်လောကတွင်သာမကဘဲ အနုပညာလောကမှာပါ အောင်မြင်ကျော်ကြားနေသူကတော့ မိတ်ကပ်ဖန်တီးပညာရှင် ညီညီမောင် ( စမ်းချောင်း) ပဲ ဖြစ်ပါတယ်။ သူမရဲ့ မိတ်ကပ်လိမ်းခြယ်မှုတွေဟာလည်း မိန်းကလေးတွေရဲ့ အကြိုက်နဲ့ ထပ်တူကြလွန်းတာကြောင့် အားလုံးရဲ့ ချီးကျူးမှုတွေကို ရရှိထားတာပါ။ သုသုရဲ့ သရုပ်ဆောင် ပီပြင်မှုတွေကြောင့်လည်း ရုပ်ရှင်ဇာတ်ကားတွေ ဆက်တိုက်ဆိုသလို ရိုက်ကူးနေရတာပဲ ဖြစ်ပါတယ်။

Photo credit - Nyi Nyi Maung's Fb Account
Photo credit - Nyi Nyi Maung's Fb Account

သူမရဲ့ အနုပညာလှုပ်ရှားမှုတိုင်းကိုလည်း သုသုရဲ့ လူမှုကွန်ယက်စာမျက်နှာမှတစ်ဆင့် ပရိသတ်တွေကို အမြဲဝေမျှပေးနေတာပါ။ အခုမှာလည်း သူမရဲ့ ခံစားချက်လေးတစ်ချို့ကို ရေးသားမျှဝေထားပါသေးတယ်။ သုသုက " ကိုယ်ရဲ့ ဖြစ်တည် မှုအတွက် ဘယ်တော့မှ အားမငယ်ပါဘူး အရင်ကလဲ မလှသလို ခုလဲ မလှပါဘူး ဒါပေမဲ့ တနေ့တခြားမကောင်းတဲ့ စိတ်ထား ကိုတော့ ကောင်းအောင်ပြုပြင်ယူနေပါတယ်

Photo credit - Nyi Nyi Maung's Fb Account
Photo credit - Nyi Nyi Maung's Fb Account

မိန်းမလျာ တယောက်ဖြစ်ရတာ ဂုဏ်ယူ စရာမဟုတ်ပေမဲ့ ဖြစ်တည်မှု အတွက် အားငယ်နေစရာမလိုပါဘူး ကျမတို့တွေ ဟာ လူ ထဲက လူ တွေပါပဲ " ဆိုပြီး ရေးသားထားတာဖြစ်လို့ ချစ်ပရိသတ်တွေ ဖတ်ရှုစေနိုင်ရန်အတွက် ပြန်လည်ဝေမျှပေးလိုက်ပါရစေနော်။ ကဲ...ပရိသတ်တွေကလည်း သုသုရဲ့ စာသားလေးကို ဖတ်ပြီး Comments မှာ ခွန်အားအဖြစ် စာသားလေးတွေ ရေးပေးခဲ့ကြပါအုန်းနော်......။

Photo credit - Nyi Nyi Maung's Fb Account

Source & Photo credit - Nyi Nyi Maung's Fb Account 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။