ပရိသတ်ကြီးရေ ဇာတ်သဘင်လောကရဲ့ နာမည်ကျော်ကြားလူကြိုက်များတဲ့ မင်းသားချောတွေထဲမှာ စွမ်းဇာနည်ကလည်း တစ်ယောက်အပါအဝင်ပါ ။ သူက ဇာတ်မင်းသားတစ်ယောက်ဖြစ်ရုံသာမကပဲ သရုပ်ဆောင်ပညာကိုလည်း ရူးသွပ်သူဖြစ်လို့ ဗီဒီယိုဇာတ်ကား အတော်များများမှာ ပါဝင်ရိုက်ကူးလေ့ရှိတာကိုလည်း တွေ့ရပါတယ်။ ချောမောလှပတဲ့ သူရဲ့ မျက်နှာလေးနဲ့ ယောကျာ်းပီသတဲ့ ဘော်ဒီအလှတွေကြောင့် နှုတ်ခမ်းနီမလေးတွေရဲ့ အားပေးဝန်းရံမှုကိုလည်း တစ်ခဲနက်ရရှိထားသူပါ။

Photo credit - Swan Zarni's Facebook account
Photo credit - Swan Zarni's Facebook account

စွမ်းဇာနည်က ယခုလို Covid ကာလ ကပ်ရောဂါတွေ ဖြစ်ပွားနေချိန်မှာ အနုပညာအလုပ်တွေကို အရင်ကလောက် မလုပ်ဖြစ်တော့ပေမယ့် ပရိသတ်တွေနဲ့ အဆက်အသွယ်မပြတ်ရအောင် လူမှုကွန်ယက်ထက်မှာ လှုပ်ရှားမှုလေးတွေကို ဝေမျှလေ့ရှိသူပါ။ မင်းသားချောလေး စွမ်းဇာနည်က Stay home ကာလမှာ မိသားစုနဲ့အတူ နေအိမ်မှာ နွေးထွေးပျော်ရွှင်စွာ နေထိုင်နေတာကိုလည်း တွေ့ရပါတယ်။ 

Photo credit - Swan Zarni's Facebook account
Photo credit - Swan Zarni's Facebook account

ယနေ့မှာလည်း စွမ်းက ချစ်သူလေးရဲ့ မွေးနေ့မှာ လက်ဆောင်ပစ္စည်းတွေသာမကပဲ အလှူအတန်းတွေလည်း ပြုလုပ်ရင်း ဖြတ်သန်းစေခဲ့တဲ့အကြောင်းကို လူမှုကွန်ယက်ထက်မှာ ဝေမျှလာပြန်ပါတယ်။ စွမ်းက လူမှုကွန်ယက်ထက်မှာ မိသားစုစုံစုံလင်လင်နဲ့ ကြည်နူးစရာ အလှူပြုနေတဲ့ ပုံရိပ်လေးတွေကို တင်ပေးလာတာ ဖြစ်လို့ ချစ်ရတဲ့ ပရိသတ်တွေ ကြည့်ရှုစေရန် ပြန်လည်ဝေမျှပေးလိုက်ပါတယ်နော် ။ ချစ်သူလေးကို စိတ်ချမ်းသာအောင်ထားပြီး အလိုက်သိတတ်လွန်းတဲ့ စွမ်းကို ပရိသတ်အများက ချီးကျူးမဆုံးဖြစ်နေကြတာပါနော်။ 

Photo credit - Swan Zarni's Facebook account
Photo credit - Swan Zarni's Facebook account
Photo credit - Swan Zarni's Facebook account

Source & Photo credit - Swan Zarni's Facebook account 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။