အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ ရုရှားသမ္မတ ပူတင်တို့ ပထမဆုံးအကြိ်မ် တွေ့ဆုံမှုမှာတော့ အမေရိကန်ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး စွပ်စွဲချက်တွေရှိခဲ့တယ်လို့ BBC News မှာ ဖော်ပြထားပါတယ်။

ဂျာမနီနိုင်ငံ ဟမ်းဘ်မြို့မှာကျင်းပနေတဲ့ စက်မှုထိပ်သီးနိုင်ငံ ၂၀ (G20) အစည်းအဝေးမှာ အခုလို ပထမဆုံးအကြိမ် တွေ့ဆုံဆွေးနွေးခဲ့ကြရာမှာပြီးခဲ့တဲ့နှစ် အမေရိကန်ရွေးကောက်ပွဲ အတွင်း ရုရှားက ဝင်ရောက်နှောင့်ယှက်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး ဆွေးနွေးကြတယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ရက််စ် တေလာဆန်ကဆိုထားပါတယ်။ 

အမေရိကန်ရွေးကောက်ပွဲအတွင်း ဝင်ရောက် စွက်ဖက်ခြင်းမရှိဘူးဆိုတဲ့ သမ္မတပူတင်ရဲ့ ငြင်းဆိုမှုကို သမ္မတထရမ့်က လက်ခံကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျီ လက်ဗ်ရော့ဗ်က ပြောပါတယ်။

Aung  

သတင်းအရင်းမြစ် : BBC News

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။