ပရိသတ်ကြီးရေ သရုပ်ဆောင် မိုးယုစံကတော့ သာယာပျော်ရွှင်စရာမိသားစုဘဝလေးကို တည်ဆောက်ထားနိုင်သူပါနော်။ မင်းသားရှုံးလောက်တဲ့ ခင်ပွန်းကောင်းကို ပိုင်ဆိုင်ထားပြီး သားငယ်လေးကိုလည်း မွေးဖွားထားသူဖြစ်လို့ မိန်းကလေးပရိသတ်တွေက အားကျအချစ်ပိုနေတာကိုလည်း တွေ့ရပါတယ်။ သားငယ်လေး Austin က သူမနဲ့ ချွတ်စွတ်တူပြီး အရွယ်နဲ့မလိုက်အောင် လိမ္မာရေးခြားရှိသူမို့ ပရိသတ်တွေရဲ့ အသည်းကျော်လေးပါနော်။

Photo credit - Moe Yu San's Facebook Account
Photo credit - Moe Yu San's Facebook Account
Photo credit - Moe Yu San's Facebook Account

မိုးယုက သားသားလေးအပြင် နောက်ထပ်ရင်သွေးလေးကိုလည်း လွယ်ထားရတာပါ။ ရင်သွေးလေးက သားသားလေးဖြစ်တာကြောင့် မိုးယုတစ်ယောက် အပျော်ကြီး ပျော်နေတာလည်း ဖြစ်ပါတယ်။ ယနေ့မှာတော့ မိုးယုက ချစ်စရာကောင်းတဲ့ ဗိုက်ဖုံးဂါဝန်လေးကို ဝတ်ဆင်ကာ မိသားစုစုံစုံလင်လင်နဲ့ အားလပ်ရက်မှာ ပျော်ရွှင်နေတဲ့ ပုံလေးတွေကို တင်ပေးလာတာပါ။

Photo credit - Moe Yu San's Facebook Account
Photo credit - Moe Yu San's Facebook Account
Photo credit - Moe Yu San's Facebook Account

မိုးယုတို့ မိသားစုလေးက ကြည်နူးပျော်ရွှင်စရာကောင်းပြီး စည်းစည်းလုံးလုံးရှိကြတာဖြစ်လို့ ချစ်ပရိသတ်တွေ ကြည့်ရှု အချစ်ပိုမိမှာအသေအချာပဲဖြစ်လို့ ပြန်လည်တင်ဆက်ပေးလိုက်ပါရစေနော် ။ ပုံလေးတွေအပြင် မိုးယုက လူမှုကွန်ယက်ထက်မှာ " သားသား ပုံလေးတွေတင်ပေးလိုက်ပါတယ် သူ့ပုံဆို မရွေးတတ်တော့ ဒီမာမီအကုန်တင်လိုက်ပါတယ် ပုံတစ်ပုံရိုက်ဖို့ မေမေတွေ လက်မြန်ရမယ်နော် " ဆိုတဲ့ စာသားလေးကိုလည်း ရေးသားထားပါသေးတယ်။

Photo credit - Moe Yu San's Facebook Account
Photo credit - Moe Yu San's Facebook Account
Photo credit - Moe Yu San's Facebook Account
Photo credit - Moe Yu San's Facebook Account
Photo credit - Moe Yu San's Facebook Account
Photo credit - Moe Yu San's Facebook Account

Photo credit - Moe Yu San's Facebook Account  

Source  - Moe Yu San's Facebook Account  

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။