ပရိသတ်တွေ အားကျချစ်ခင်ရတဲ့ စုံတွဲတွေထဲမှာ နိုင်ငံကျော် ဘောလုံးကစားသမား အောင်သူနဲ့ သရုပ်ဆောင် မင်းသမီးချော ပိုးအိအိခန့်တို့ စုံတွဲလေးကလည်း အပါအဝင်ပါနော်။ ဆန်းကြယ်တဲ့ ဖူးစာဖက်အဖြစ် တွေ့ဆုံခဲ့ကြတဲ့ သူတို့နှစ်ယောက်က ယခုဆိုရင် နှစ်ယောက်တစ်ဘဝတည်ဆောက်ထားကြပြီလည်း ဖြစ်ပါတယ်။ ချစ်သူဘဝကတည်းက Romantic ဆန်တဲ့ သူတို့နှစ်ယောက်က တစ်ယောက်ကိုတစ်ယောက် သစ္စာရှိရှိလက်တွဲနေကြတာဖြစ်လို့ လူငယ်ပရိသတ်တွေရဲ့ စံပြအတွဲလေးပါနော်။

Photo credit - Thwin Oo Han's Fb Page
Photo credit - Thwin Oo Han's Fb Page
Photo credit - Thwin Oo Han's Fb Page

ပိုးအိနဲ့ အောင်သူတို့က အိမ်ထောင်သက် သိပ်မကြာခင်မှာ သားသားလေး သဲကိုးကို မွေးဖွားခဲ့ပြီး ယခုဆိုရင် ပြီးပြည့်စုံတဲ့ မိသာစုလေးဖြစ်လို့ နေပါပြီနော် ။ သိုက်သိုက်ဝန်းဝန်းနဲ့ ပျော်ရွှင်စရာကောင်းတဲ့ ပိုးအိနဲ့ အောင်သူတို့ မိသားစုလေးက အလှူအတန်းတွေဆိုလည်း လက်မနှေးပဲ ပြုလုပ်လေ့ရှိသူတွေပါ။ စိတ်ထားပြည့်ဝလွန်းတဲ့ သူတို့နှစ်ယောက်ရဲ့ သားသားလေးဟာဆိုရင် ပါးဖောင်းဖောင်းလေးနဲ့ အသည်းယားစရာကောင်းလွန်းတာကိုလည်း တွေ့ရပါတယ်။

Photo credit - Thwin Oo Han's Fb Page
Photo credit - Thwin Oo Han's Fb Page
Photo credit - Thwin Oo Han's Fb Page

သဲကိုး​လေးက အသည်းယားချစ်စရာကောင်းတဲ့ မျက်နှာလေးကို ပိုင်ဆိုင်ထားတာဖြစ်ပြီး ထူထဲလွန်းတဲ့ မျက်ခုံးနဲ့ ဝိုင်းစက်စက် မျက်ဝန်းလေးတွေကို ဖေဖေ မေမေတို့ဆီက အမွေရထားပါသေးတယ်။ တကယ့်ကိုမှ ချစ်စရာကောင်းတဲ့ သားလေး သဲကိုးကို မေမေပိုးအိက ဓာတ်ပုံလေးတွေရိုက်ရင်း လူမှုကွန်ယက်ထက်မှာ " သဲကိုးဘဝ သဲကိုးအလှ " ဆိုတဲ့ စာသားလေးကိုလည်း ရေးသားမျှဝေထားတာဖြစ်လို့ ပြန်လည်တင်ဆက်ပေးလိုက်ပါရစေနော်...... ။

Photo credit - Thwin Oo Han's Fb Page
Photo credit - Thwin Oo Han's Fb Page
Photo credit - Thwin Oo Han's Fb Page
Photo credit - Thwin Oo Han's Fb Page
Photo credit - Thwin Oo Han's Fb Page
Photo credit - Thwin Oo Han's Fb Page
Photo credit - Thwin Oo Han's Fb Page

Photo credit - Thwin Oo Han's Fb Page

Source  - Thwin Oo Han's Fb Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။