အဆိုတော် ရဲရင့်အောင်ရဲ့ အချစ်တော်လေးဖြစ်တဲ့ ချစ်သူ ဧငြိမ်းဖြူကတော့ ပရိသတ်တွေနဲ့ မိတ်ဆက်ပေးစရာမလိုလောက်အောင် ရင်းနှီးတဲ့ သူတစ်ယောက်ပါနော်။ သူမက မြန်မာ့အသံက ရိုက်ကူးထုတ်လွှင့်တဲ့ ကတ်ဆက်ဇာတ်လမ်းတွဲတွေမှာ စတင်သရုပ်ဆောင်ရင်း အနုပညာလောကထဲကို ဝင်ရောက်လာသူပါ။ သရုပ်ဆောင် ပိုင်းမှာ ထူးချွန်ပီပြင်လွန်းသူသာမကပဲ အကပိုင်းမှာလည်း အင်မတန်တော်လွန်းတဲ့ သူမက လူငယ်ပရိသတ်တွေရဲ့ အသည်းကျော်ပါနော်။

Photo credit - A Nyein Phyu's Facebook Account
Photo credit - A Nyein Phyu's Facebook Account

ဧငြိမ်းဖြူက ဖြူဖြူဖွေးဖွေး အသားအရည်နဲ့ သွယ်လျလှပတဲ့ ကိုယ်ခန္ဓာ အချိုးအစားကြောင့် ပုရိသတွေလည်း အားပေးဝန်းရံကြတာ​ကို တွေ့ရပါတယ်။ အနုပညာအလုပ်တွေကို အဆက်မပြတ်ဆက်တိုက် ကြိုးစားလုပ်ကိုင်နေတဲ့ သူမက ကိုယ်ပိုင်ငွေကြေးလေးနဲ့ မနေ့ကမှ အသစ်ထွက်တဲ့ i phone 12promaxကိုလည်း ဝယ်ယူလိုက်တာပဲ ဖြစ်ပါတယ်။ တန်ဖိုးကြီးမားလွန်းတဲ့ ဖုန်းလေးကို ယနေ့ချက်ချင်းပဲ သူမလက်ထဲ ရောက်ရှိလာတာဖြစ်လို့ ဝမ်းသာမဆုံးဖြစ်နေတာပါ။ 

Photo credit - A Nyein Phyu's Facebook Account
Photo credit - A Nyein Phyu's Facebook Account

ဧငြိမ်းဖြူက သူမရဲ့ လူမှုကွန်ယက် Myday စာမျက်နှာထက်မှာ ဖုန်းလေးကို အသေအချာဓာတ်ပုံလေးရိုက်ကာ တင်ပေးထားတာကိုလည်း တွေ့ရပါတယ်။ အပြာရောင်မကြိုက်တဲ့ သူမက ရွှေရောင်ဖုန်းလေးကို မှာယူလိုက်တာဖြစ်ပြီး ရောက်ရှိလာချိန်မှာ ထင်မှတ်မထားလောက်အောင်လှရက်လွန်းတဲ့ ဖုန်းလေးကို လက်က မချနိုင်လောက်အောင် ကြိုက်နှစ်သက်နေတာဖြစ်လို့ ချစ်ပရိသတ်တွေအတွက် ပြန်လည်တင်ဆက်ပေးလိုက်ပါရစေနော်..... ။

Photo credit - A Nyein Phyu's Facebook Account
Photo credit - A Nyein Phyu's Facebook Account

Source & Photo credit - A Nyein Phyu's Facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။