မနဲ့မောင်အတွဲလေးဖြစ်တဲ့ အဆိုတော် သားဂန်းနဲ့ သရုပ်ဆောင် ဘေဘီမောင်တို့ စုံတွဲလေးကတော့ လူမှုကွန်ယက်ထက်မှာ Romantic ဆန်လိုက်ပြန်ပြီနော်။ လူငယ်ပရိသတ်တွေ အားကျချစ်ခင်နေရတဲ့ ဘေဘီနဲ့ သားဂန်းတို့နှစ်ယောက်က အနုပညာလမ်းကြောင်းထက်မှာ အောင်မြင်မှုကိုယ်စီနဲ့ ရပ်တည်လျှောက်လှမ်းနေတာဖြစ်ပြီး တစ်​ယောက်နဲ့ တစ်ယောက်က အရမ်းကို ချစ်ကြတဲ့ သူတွေပါနော်။

Photo credit - Than Gan's Facebook account
Photo credit - Than Gan's Facebook account

သားဂန်းက အငယ်ဖြစ်ပေမယ့် ဘေဘီမောင်အပေါ် အလိုလိုက် ဂရုစိုက်ကာ ချစ်ပေးတတ်သူဖြစ်လို့ ဘေဘီ တစ်ယောက် စိတ်ချမ်းသာပျော်ရွှင်နေတာလည်း ဖြစ်ပါတယ်။ အချိန်အတော်ကြာ သစ္စာရှိရှိနဲ့ လက်တွဲခိုင်မြဲနေကြတဲ့ ဘေဘီနဲ့ သားဂန်းတို့နှစ်ယောက်က လူမှုကွန်ယက်ထက်မှာ အမြဲလိုလို ကြည်နူးစရာပုံရိပ်လေးတွေကို ဝေမျှလေ့ရှိသူတွေပါ။ ယနေ့မှာလည်း သားဂန်းက လူမှုကွန်ယက်ထက်မှာ နှစ်ယောက်အတူပုံလေးကို တင်ပေးလာရင်း ချစ်သူလေး ဘေဘီ အချစ်ပိုအောင် စာသားလေးအချို့ရေးသားလာပြန်ပါတယ်။ 

Photo credit - Than Gan's Facebook account
Photo credit - Than Gan's Facebook account

ဒါကတော့ " ရင့်ကျက်လာပြီး လက်တွဲဖော်ရှာတဲ့အခါ ရုပ်ရည်ကအရေးမကြီးဘူးဆိုတာ သိလာလိမ့်မယ် အရေးကြီးဆုံးကသူ့သဘောထား တာဝန်ယူမှု့ သစ္စာစောင့်သိမှု့တို့ပါပဲ မှတ်ချက် ရုပ်လှ စိတ်လှတဲ့ မကိုချစ်ရတာ ကျတော်ကံကောင်းတယ် " ဆိုပြီး ရေးသားထားတာဖြစ်လို့ ချစ်သူလေး ဘေဘီရဲ့ အချစ်တွေကို အများကြီးရမှာ အသေအချာပါပဲနော်။ ကဲ... ဖတ်မိသူတိုင်း အကြိုက်တွေ့မိစေမှာဖြစ်လို့ ချစ်ပရိသတ်တွေအတွက် ပြန်လည်ဝေမျှပေးလိုက်ပါတယ်နော်.... ။

Photo credit - Than Gan's Facebook account
Photo credit - Than Gan's Facebook account
Photo credit - Than Gan's Facebook account

Photo credit - Than Gan's Facebook account 

Source - Than Gan's Facebook account 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။