စီးတော်ယဉ်ဆိုတာ ဟိုအရင်အချိန်တွေကတည်းက ရှိခဲ့တာဖြစ်ပြီး လူသားတွေအတွက် စီးလို့ရတဲ့ အရာတွေက မရှားလှပါဘူး။ ဟိုအချိန်တွေတုန်းကဆို လူတွေဟာ မြင်းတွေ ဆင်တွေ စီးတော်ယဉ်တွေကို စီးကြတယ်...ခုချိန်မှာတော့ ကားစီးကြပါတယ်။ ဘာပဲဖြစ်ဖြစ်ပေါ့လေ စီးနေကြတာပါပဲ ဟုတ်တယ်မလား။ အာ့ဆို တိရစ္ဆာန်တွေရော ဘာကိုစီးကြမလဲ။ ကျွန်တော်တို့တွေလဲ မသိကြပါဘူး။ လူတွေက အာ့တွေကို စိတ်မဝင်စားတာတွေကြောင့်လဲ ပါပါတယ်။ ဒါပေမဲ့ အာ့နဲ့ပတ်သတ်ပြီး လူတချို့က ဓာတ်ပုံတွေ Video တွေရိုက်နိုင်ခဲ့ပါတယ်။   

၂၀၁၅ ခုနှစ်တုန်းက Martin Le-May ဆိုတဲ့ဓာတ်ပုံဆရာဟာ ဘာရယ်မဟုတ်ဘူး...သဘာဝတရားကြီးထဲက သစ်တောက်ငှက်တစ်ကောင်ကို ရိုက်လိုက်တာ သစ်တောက်ငှက်ပေါ်မှာ Weasel လို့ခေါ်တဲ့ ဖျံမျိုးနွယ်ဝင်ထဲက တိရစ္ဆာန်လေးတစ်ကောင်က စီးနေတာကို တွေ့ရပါတယ်။ တကယ်ကို အဆန်းနော်...အဲ့ကောင်လေးက သူအလုပ်နောက်ကျနေလို့ သူရဲ့သူငယ်ချင်း သစ်တောက်ငှက်ကို စီးပြီးအမြန်သွားနေတာလား..အပျော်ပဲစီးနေတာလား။ လူတွေက photoshop လို့စွပ်စွဲကြပေမဲ့ မဟုတ်ပါဘူး...တကယ်အစစ်ပါ။ ကွန်ပြူတာပညာရှင် Hany Farid ကဒါအတုမဟုတ်ကြောင်းကို သူကိုယ်တိုင် photoshop လုပ်ပြပြီး သက်သေပြုခဲ့ပါတယ်။  

Planet Of The Apes ရုပ်ရှင်ကားမှာ မျောက်ဝံတွေ မြင်းတွေကို စီးပြီး လူသားမျိုးနွယ်တွေနဲ့ စစ်ဖြစ်နေတဲ့ အခန်းကို သင်ကောင်းကောင်းကြီး သိမှာပါ။ အပြင်မှာရော အဲ့လိုမစီးနိုင်ဘူးလား။ ၂၀၁၄ခုနှစ်မှာ ဂျပန်သိပ္ပံပညာရှင်တွေက macaques မျောက်မတွေက သမင်ထီးတွေရဲ့ပေါ်ကို ခုန်ခုန်တက်ပြီး စီးလေ့ရှိတာကို video ရိုက်နိုင်ခဲ့ပါတယ်။ တခါတလေအဲ့မျိုးနွယ် မျောက်ထီးတွေကလဲ သမင်တွေပေါ်ကို ခုန်ခုန်တက်ပြီး စီးလေ့ရှိပါတယ်။ ဒါပေမဲ့လဲ သမင်တွေက သူတို့အပေါ်ကို အဲ့လိုမျိုးမတူတဲ့ အကောင်တွေ တက်လာပြီဆိုတာနဲ့ ခါခါချပါတယ်။ ဒါပေမဲ့လဲ မျောက်တွေကစီးကြတာပါပဲ.....။ 

သတင်းအရင်းမြစ် Bloggers Arena

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။