၂၀၀၃ ခုနှစ်မှာ Andrew Carlssin ကို FBI က Stock ဈေးကွက်ကို လိမ်လဲကာ ရိုက်စားလုပ်နေတယ်လို့ စွပ်စွဲကားဖမ်းဆီးခဲ့ပါတယ်။ သူဟာ Stock ဈေးကွက်မှာ အရမ်းကိုတော်တဲ့လူဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ သူမှာအစက ဒေါ်လာ၈၀၀ပဲရှိပြီး သိပ်မကြာခင်မှာပဲ ဒေါ်လာသန်း ၃၅၀ ရှိလာခဲ့ပါတယ်။ အာ့ကြောင့် FBI ကဖမ်းဆီကာ သူ့ကိုစုံစမ်းစစ်ဆေးခဲ့ပါတယ်။ သူပြောပုံအရဆို သူက ၂၂၅၆ခုနှစ်ကလာတဲ့သူဖြစ်ကာ တစ်ယောက်ယောက်ကသူ့ကိုလစာအဖြစ် ဒေါ်လာ၁သန်းပေးတယ်လို့ပြောပြီး ပျောက်ကွယ်သွားခဲ့ပါတယ်။ 

ဘယ်လိုပြောင်းသွားလဲမသိတဲ့အပြင်...FBIက သူရဲ့နောက်ကြောင်းကို December, 2002 နောက်ပိုင်းစုံးစမ်းရှာဖွေခဲ့လိုမရခဲ့ပါဘူး။ အဲ့နောက်ပိုင်းသူ့ကို ဘယ်သူမှလဲ မတွေ့တော့ပါဘူး။ 1948 က Fort Apache ဆိုတဲ့ကားကို စာဖတ်သူတို့ကြည့်ဖူးမယ်ဆိုရင် အဲ့ကားထဲ့မှာ သရုပ်ဆောင်တစ်ယောက်ဟာ Notepad လိုလို Iphone လိုထင်ရတဲ့ အရာကိုကိုင်ထားတာတွေနိုင်ပါတယ်။ သူကရော Time Traveler တစ်ယောက်ပဲလား။ 

၁၉၄၁ ကပုံတစ်ပုံမှာလည်း လူအုပ်ကြားထဲမှာ လူတစ်ယောက်ဟာ အဲ့ခေတ်အဲ့အခါက ပုံစံမဟုတ်တဲ့ Fashion နဲ့ ကင်မရာတစ်လုံးကို ကိုင်ထားတာတွေ့နိုင်ပါတယ်။ ဒါပေမဲ့အဲ့ခေတ်အခါမှာ Camera တွေမှမပေါ်သေးပဲ....အာ့နဲ့ပတ်သက်ပြီး လူတွေကတော့ပြန်ရှင်းပြထားပါတယ်။ ၁၉၂၈ မှာမိန်းမတစ်ယောက်ဟာ ဖုန်းပြောနေတဲ့ပုံစံနဲ့လမ်းလျှောက်လာတာကိုတွေ့နိုင်ပြီး သူကိုတော့ Cell Phone Lady လို့ခေါ်ပါတယ်။ ဘာပဲဖြစ်ဖြစ်ပေါ့လေ အဲ့ခေတ်အဲ့အခါက နားနားကပ်ပြီး နားထောင်လို့ရတဲ့ အရာတွေရှိနေခဲ့ပါတယ်။ သူတို့တွေက Time Traveler တွေများလား။ 

သတင်းအရင်းမြစ် Bloggers Arena

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။