လူသဘာဝဟာဆိုရင်တော့ တစ်နေ့မဟုတ်တစ်နေ့ တစ်ရက်ရက်မှာ သေကြရမှာပဲဖြစ်ပါတယ်။ သေပြီးနောက်ဘာဖြစ်လာမလဲဆိုတာကို သိပ္ပံနည်းအရ ဘယ်သူမှ သိရှိကြတာမဟုတ်ပါဘူး။ ခုဆိုရင်လဲ သေရွာက ပြန်လာတဲ့သူတွေ သူတို့တွေကြုံခဲ့ရတဲ့ အဖြစ်အပျက်တွေကို ပြောပြခဲ့ကြပါတယ်။ သိပ္ပံနည်းအရတော့ သေရွာကပြန်လာဖို့ဆိုတာ ရှင်းပြဖို့ ခတ်ပါတယ်။ ဒါပေမဲ့လဲ သေသူတွေ ပြောပြခဲ့တဲ့စကားတွေကတော့ ခုလိုတွေပဲဖြစ်ပါတယ်။ 

" ငါနိုးလာတဲ့ချိန်မှာဆိုရင် အာကသလိုနေရာတစ်ခုထဲရောက်နေခဲ့တာဖြစ်ပြီး ဘာအလင်းရောင် ဘာကြယ်မှရှိမနေပါဘူး...လေထဲမှာ ဒီလိုပဲ လွင့်မျှော်နေခဲ့တာဖြစ်ပြီ စာအုပ်တစ်ခုကြားထဲကို ဖြတ်သန်းသွားပြီးတဲ့ချိန်မှာ အရာရာဟာ ပုံမှန်ပြန်ဖြစ်သွားခဲ့ပါတယ် " ဆိုပြီးပြောပြခဲ့ပါတယ်။ သူပြောပုံအရဆိုရင်တော့ အန္တလောကထဲကိုများ ရောက်သွားသလားပါပဲ။ နောက်တစ်ယောက်ကတော့ Schneidah7 ဆိုတဲ့ နာမည်ကိုသာဖော်ပြထာူတဲ့သူတစ်ယောက်က ဆိုင်ကယ်မတော်တဆမှုဖြစ်ပြီး ဆေးရုံမှာသေဆုံးသွားခဲ့ပါတယ်။ ဒါပေမဲ့နောက်တစ်နေ့မှာ သူကနိုးထလာပြီး သူပြောခဲ့တဲ့စကားက သူ့ကို လွန်ခဲ့တဲ့၇နှစ်က သေဆုံးသွားတဲ့အစ်ကိုက ပြန်လာခေါ်ခဲ့တာလို့ပြောပြခဲ့ပါတယ်။ 

TheDeadManWalks ဆိုတဲ့ နာမည်နဲ့ ဆယ်ကျော်သက်တစ်ယောက်ဟာ ရောဂါတစ်ခုကြောင့် နှာခေါင်းကနေ သွေးတွေစီးကျလို့နေခဲ့ကာ ဆေးရုံပို့ဆောင်ခဲ့ပေမဲ့ လမ်းမှာတင် သေဆုံးခဲ့ရပါတယ်။ အဲ့နောက်မှာတော့ " ကျွန်မတိတ်ဆိတ်တဲ့အချိန်နေရာကို ရောက်ရှိသွားခဲ့ပြီး ၇နာရီထိုးတော့မဲ့နာရီကို တွေ့ခဲ့ပါတယ်...အဲ့နောက်မှာတော့ ကျွန်မကလဲ နာရီအလန်းကိုပိတ်လိုက်ပြီး နိုးလာခဲ့ပါတယ် " ဆိုပြီးပြောခဲ့ကာ သူမနိုးလာရတဲ့ အဓိကအကြောင်းကတော့ ဆွဲလန်းနေတဲ့ အရာတစ်ကြောင့်လို့ပဲပြောပြရမှာပါ။ Rullknuf ဆိုတဲ့သူကတော့ ဆိုင်ကယ်မတော်တဆမှုနဲ့သေဆုံးခဲ့ပြီး သူပြောပုံအရ Nothing After ဆိုပြီး ပြောပြခဲ့ကာ ဘာမှရှိမနေခဲ့ပါဘူးလို့ပြောပြခဲ့ပါတယ်။ 

သတင်းအရင်းမြစ် Bloggers Arena

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။