ဒီဖြစ်ရပ်လေးကတော့ နိုင်ဂျီးရီးယားနိုင်ငံက လူစိတ်ဝင်စားမှုများခဲ့တဲ့ ဖြစ်ရပ်လေးတစ်ခုပဲ ဖြစ်ပါတယ်။

ဖြစ်ပွားခဲ့ပုံကတော့ နိုင်ဂျီးရီးယားမှာရှိတဲ့ ကျေးရွာတစ်ခုက လယ်သမားတွေဟာ ဒီမြွေရဲ့အန္တရာယ်ကို ကြောက်နေခဲ့တာကြာပါပြီ။ ဒီမြွေကြီးရဲ့ဗိုက်ဟာ နွားတစ်ကောင်ကိုမြိုထားသလို ဖောင်းနေတာကြောင့် လယ်သမားတွေဟာ ဒီမြွေရဲ့အန္တရာယ်ကို ကြောက်တာကြောင့် ဝိုင်းဝန်း ဖမ်းဆီးသတ်ဖြတ်ပြီးနောက် ဗိုက်ကိုခွဲတဲ့အခါမှ မြွေဟာ ကိုယ်ဝန် ရှိနေတာကိုသိပြီး ဗိုက်ထဲမှာ ဥပေါင်းများစွာကို တွေ့ရှိရပါတယ်။

Photo credit - elitereaders

ရွာသားတွေဟာ ဒီမြွေဥတွေကို တွေ့ရှိပြီးနောက် အားရဝမ်းသာနဲ့ ခွဲဝေယူခဲ့ကြပါတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့ဆီမှာ မြွေဥဟာ ရှားပါးပြီး တန်ဖိုးရှိတဲ့ စားစရာတစ်မျိုးလို့ သတ်မှတ်ထားတာကြောင့်ပဲ ဖြစ်ပါတယ်။

ဒါ့ကြောင့်ပဲ ရွာသားတွေဟာ များပြားလှတဲ့ မြွေဥတွေကို ခွဲဝေယူဆောင်သွားခဲ့ကြတာ ဖြစ်ပါတယ်။

Photo credit - elitereaders

ရွာသားတွေဟာ ဒီမြွေကို အန်ဒါကွန်ဒါမြွေအမျိုးအစားဖြစ်မယ်လို့ ယူဆခဲ့ကြပြီး ဒီမြွေတွေဟာ ၄.၈ မီတာအထိ ရှည်လျားပါတယ်။

ရွာသွားတွေကတော့ မြွေဥတွေကို အကောင်မပေါက်ဘဲ ရရှိခဲ့လို့ ဝမ်းသာအားရဖြစ်ခဲ့ကြပေမယ့် မှားယွင်းတဲ့ ထင်မြင်ချက်နဲ့ အသတ်ခံခဲ့ရတဲ့ မြွေမကြီးကတော့ သူ့ရဲ့အသက်ကိုပါ ဆုံးရှုံးခဲ့ရတဲ့အပြင် အကောင်မပေါက်သေးတဲ့ ကလေးတွေရဲ့ အသက်ကိုပါ ရင်းခဲ့ရပါတယ်။

Photo credit - elitereaders

Source - elitereaders

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။