ထိုင်းနိုင်ငံခိုတောင်ကျွန်းတာဝန်ရှိသူတွေက စမွေတိုင်းမ်သတင်းဌာနကို သတင်းအမှား အွန်လိုင်းပေါ် ဖြန့်ချီတယ်ဆိုပြီး ကွန်ပျူတာရာဇဝတ်မှု အက်ဥပဒေ ချိုးဖောက်မှုနဲ့ တရားစွဲခဲ့လိုက်ကြောင်း The Star Online မှာဖော်ပြထားပါတယ်။ 

ခိုတောင်ကျွန်းကိုမရဏကျွန်းလို့စမွေတိုင်းမ်သတင်းဌာနကဆောင်းပါးတစ်ပုဒ်မှာတင်စားကာရေးသားဖော်ပြခဲ့တာဖြစ်ပြီးကမ္ဘာလှည့်ခရီးသည် အများအပြားသတ်ဖြတ်ခံနေရတာကြောင့် အခုလိုဆောင်းပါးရေးဖော်ပြလိုက်တာဖြစ်တယ်လို့ သတင်းအရင်းအမြစ်အချို့ကဆိုပါတယ်။

နောက်ဆုံးအကြိမ် ဖြစ်ပွားခဲ့တာကတော့ ပြီးခဲ့တဲ့ဧပြီလက ဘယ်ဂျီယံနိုင်ငံသူ သေဆုံးခဲ့တာဖြစ်ပြီး ရဲတပ်ဖွဲ့ကတော့အဆိုပါသေဆုံးသူ အမျိုးသမီးဟာ မိမိကိုယ်ကိုအဆုံးစီရင်သွားတာ ဖြစ်တယ်လို့ တရားဝင်သတင်းထုတ်ပြန်ထားပါတယ်။

Aun

သတင်းအရင်းမြစ် The Star Online

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။