အစားစားတဲ့အခါ ပြီးပြီးရော ဗိုက်ပြည့်ရင်ပြီးရောဆိုပြီး စားလိုက်တဲ့အခါ နောက်ဆက်တွဲ ခံရတဲ့ဝေဒနာကတော့ ဆိုးလွန်းပါတယ် ! ကိုယ်နဲ့ မတည့်တဲ့ အစားအသောက်မျိုးကို မှတ်ထားပြီး ချင့်ချိန်ပြီးစားမယ်ဆိုရင်တော့ အစာအဆိပ်သင့်တဲ့ဝေဒနာမျိုး မဖြစ်နိုင်ပါဘူး တကယ်လို့ ဖြစ်ခဲ့တယ်ဆိုရင်လည်း အောက်ဖော်ပြပါနည်းလမ်းဘေးတွေအတိုင်း လုပ်သင့်ပါတယ်

ပင်လယ်စာ (သို့) မှိုစားမိလို့အစာအဆိပ်သင့်ခြင်း၊ ရေဓာတ်ကုန်ခန်းနေခြင်းသည် အရေးပေါ်အခြေ အနေဖြစ်တာကြောင့် ဆရာဝန်နှင့်အမြန်ပြသသင့်ပါတယ်။

၁။ အန်ခြင်း၊ မအီမသာဖြစ်ခြင်းတို့ကိုသက်သာအောင်ပြုလုပ်ပါ။

အစာမာမာတွေမစားပါနဲ့၊ အစာကြေလွယ်တဲ့အစားအစာတွေဖြစ်တဲ့ ခရတ်ကာ၊ ငှက်ပျောသီး၊ ထမင်း၊ ပေါင်မုန့်စတာတွေကိုစားသုံးပေးပါ။ ဆိုဒါရည်ကိုနည်းနည်းစီသောက်ပေးခြင်းကတည်း ပျို့အန်ခြင်းကို သက်သာစေပါတယ်။ အကြော်အလှော်တွေ၊ ဆီများတဲ့အစားအစာတွေ၊ အပူအစပ်တွေနဲ့ အချိုဓာတ်များစွာ ပါဝင်တဲ့ အစားအစာတွေက ပျို့အန်ခြင်းကိုပိုဆိုးစေပါတယ်။

Anti-nausea (ပျို့အန်ခြင်းကိုသက်သာစေသောသောက်ဆေး)၊ anti-diarrhea (ဝမ်းပိတ်ဆေး) တွေကို ဆရာဝန်မညွှန်ကြားဘဲမသောက်သင့်ပါဘူး။

၂။ ရေဓာတ်ကုန်ခမ်းခြင်းကို ပြန်လည်ဖြည့်တင်းပါ။

တနေ့ကိုရေ 3 လီတာထက်မနည်းသောက်ပါ။ ပျို့အန်ခြင်းကြောင့် ကုန်ဆုံးသွားတဲ့ဓာတ်ဆား များကို ပြန်လည်ဖြည့်တင်းဖို့အတွက် ဓာတ်ဆားရည် (ORS) သောက်ရပါမယ်။

၃။ ဆေးရုံဆေးခန်းသို့သွားပါ။

ဝမ်းပျက်တာ ၃ ရက်ထက်ပိုကြာခြင်း၊ ပင်လယ်စာ (သို့) မှိုစားခြင်းကြောင့် ဝမ်းပျက်ခြင်း၊ ဖျားခြင်း၊ ဝမ်းမည်းမည်းသွားခြင်း၊ ဝမ်းသွားလျှင် သွေးပါခြင်း၊ မအန်ဘဲပျို့နေခြင်း၊ ရေဓာတ်ခမ်းခြောက်ခြင်း လက္ခဏာတွေဖြစ်တဲ့ နှုတ်ခမ်းခြောက်ခြင်း၊ ဆီးနည်းခြင်း၊ မူးဝေခြင်း၊ ကိုယ်လက်ကိုက်ခဲခြင်း၊ နှလုံးခုန်မြန်ခြင်း စတဲ့ ဝေဒနာတွေ ခံစားနေရပြီဆိုရင် ဆရာဝန်ပြရပါတော့မယ်။

သတင်းအရင်းမြစ် Dr. MW (drmyanmar.com)

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။