ချစ်တဲ့ချစ်သူကောင်လေးတိုင်းက သူတို့ဆိမှာကြောက်တာဆိုလို့တစ်ခုပဲရှိပါတယ်။ သူတို့တွေကြောက်တဲ့အရာကဘာလဲဆိုတော့ ကိုယ့်ကောင်မလေး ကိုယ့်ကိုထားသွားမှာကိုကြောက်တာပါပဲ။ အဲ့လိုမျိုးကိုယ့်ကောင်မလေး ကိုယ့်ကိုထားမသွားအောင် ကိုယ်ဘက်က ဘယ်လိုထိန်းသိမ်းပေးရမလဲ။ ကိုယ်သူကိုချစ်တယ်ဆိုတာကို သိအောင်ပြသပါ..သူအပေါ် ကိုယ်ဘယ်လောက်ချစ်တယ်ဆိုတာကို ပြသပါ....ချစ်တယ်ပြောပါ။ သူမကို ချီးမွမ်းပါ...ဥပမာ အရမ်းလှတာပဲ ချစ်စရာလေး စသဖြင့် ပြောပါ။ စာတွေပို့ပါ.....ဖုန်းတွေဆက်ပါ....ပြီးရင် သူအသံလေးကိုကြာချင်းလို့ ဖုန်းဆက်တာဆိုပြီပြောပါ။ သူမကိုအံ့သြအောင် ပြုလုပ်ပြီး လက်ဆောင်တွေပေးပါ...တန်ဖိုးကြီးဖို့မလိုပါဘူး...လေးနက်ဖို့ပဲလိုပါတယ်။ 

နှစ်ယောက်အတူတူ အချိန်တွေကို ဖြတ်သန်းပါ...နှစ်ယောက်အတူတူ အချိန်တွေကို ဖြတ်သန်းရတာဟာ ဘာနဲ့မှ လဲလို့မရအောင် ပျော်စရာကောင်းပါတယ်။ ပုံအတူတူဆွဲတာ ရုပ်ရှင်အတူတူကြည့်တာ ချစ်သူနဲ့အတူ မတက်သေးတဲ့ အရာတွေကို တက်အောင်ပြုလုပ်ပါ။ သူမ ကြိုက်နှစ်သက်တဲ့ ဝါသနာပါတဲ့ ကိစ္စတွေကိုပြုလုပ်ပေးပါ...ဥပမာအားဖြင့် သူမက စာအုပ်ဖတ်တာတို့ ကတာတို့ စသဖြင့်ဝါသနာပါရင် ပြုလုပ်ပေးပါ။ သူမနဲ့အတူ သူမသူငယ်ချင်းတွေနဲ့ဖြစ်ဖြစ် မိသားစုနဲ့ပဲဖြစ်ဖြစ် အချိန်တွေအတူတူဖြတန်သန်းပါ...ကိုယ့်အိမ်ကိုလဲ ထမင်းစားဖိတ်ပေးပါ။ သူမနဲ့တွေ့တဲ့အခါဖုန်းကို ပိတ်ထားပါ...ကြင်ကြင်နာနာနွေးနွေးထေးထွေးလေးဖက်ပေးပါ...ညပိုင်းတွေမှာ မြို့အလှက ပိုလှတာမို့ ညဘက်ချိန်းတွေ့ဖို့ အစီအစဉ်ဆွဲပါ။ 

သူမပြောတဲ့စကားကို နားထောင်ပါ...မကြိုက်တာကို မလုပ်ပါနဲ့...မကြိုက်ဘူးပြောထားရက်နဲ့ လုပ်ရင်တော့ ကိုယ့်အပြစ်ကိုယ်ခံပါပဲ။ သူမအပေါ် လိမ်လည်လှည့်ဖြားချင်းမရှိ ရိုးသားပါ....ရိုးရိုးသားသားဆက်ဆံပါ။ သူမနဲ့အတူ အနာဂါတ်ကိစ္စတွေကို ပြောပါ...အနာဂါတ်မှာ ဘယ်လိုဖြတ်သန်းကြမယ် ဘယ်လိုနေထိုင်ကြမလဲ စသဖြင့်ပြောပါ။ သူမသွားချင်တဲ့ ရည်မှန်းချက်ကို ထောက်ပံပေးပါ။ သူမက ဆရာမဖြစ်ချင်တယ်ဆိုရင် သူမ ဖြစ်အောင် အားပေးပါ..ထောက်ပံပါ။ သူမက သင်နဲ့တွေ့တဲ့အခါမှာ လုံခြုံမှုရှိတယ်ဆိုတဲ့ ခံစားချက်ကို သူမခံစာလို့ရအောင် ဂရုစိုက်ပါ။ ကိုယ်ဘက်ကနေလဲ ကြိုးစားပါ...ကိုယ့်ကိုကို အမြဲပြုပြင်ပြောင်းလဲပါ...ကျန်းကျန်းမားမားနေပါ....ကိုယ့်ကောင်မလေးက သူမရဲ့ဘဝမှာ သင်ဟာမရှိမဖြစ်ဆိုတဲ့ ခံစားချက်ကိုသိတက်အောင် ကိုယ်ကချစ်ပါ။ 

သတင်းအရင်းမြစ် Wiki How

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။