လူတိုင်းကတော့ ကိုယ့်ချစ်သူနဲ့ အချိန်ကြာမြင့်စွာ အတူတူရှိချင်ကြစမြဲပါပဲ။ ဒါပေမဲ့ အဲ့လိုမျိုး အချိန်အကြာကြီး အတူတူရှိအောင် ပြုလုပ်ရဖို့ဆိုတာ တော်တော်ကို လေးနက်ပါတယ်။ အာ့ကြောင့်ပဲ အချိန်တန်ရင်ပြတ်မှာပဲ ဆိုတဲ့စကားတွေ ထွက်ပေါ်လာတာပဲဖြစ်ပါတယ်။ အဲ့လိုမျိုး အပြောမခံရအောင် ကိုယ့်ရဲ့အချစ်ရေးကို အကောင်းမွန်ဆုံး ဘယ်လိုထိန်းသိမ်းမလဲ။ ကိုယ်ချစ်သူနဲ့တွေ့ရဖို့အတွက် အမြဲအချိန်ရှိအောင်ပြူလုပ်ပါ။ ကိုယ့်ဘက်က ဘယ်လောက်ပဲ မအားမအား ကိုယ်ချစ်သူနဲ့တစ်လမှာ အနည်းဆုံး ၂ခါလောက်တော့ တွေ့နိုင်အောင် လုပ်ပါ။ 

တစ်ခါတစ်လေ ကိုယ့်ချစ်သူနဲ့ပဲ အချိန်တိုင်းတွေ့မနေပဲ သူငယ်ချင်းတွေဆိကို သွားလည်ပါ။ သူငယ်ချင်းတွေနဲပအချိန်အတူတူဖြုန်းတာပဲဖြစ်ဖြစ် မိသားစုနဲ့ပဲဖြစ်ဖြစ် အချိန်တွေဖြတ်သန်းပါ။ ထူးခြားတဲ့ခံစားချက်တွေကို သင်ခံစားလာရမှာဖြစ်ပါတယ်။ အသစ်အသစ်တွေကို ကိုယ့်ချစ်သူနဲ့ စမ်းကြည်ပါ...ဥပမာ ကတာတို့ သီချင်းဆိုတာတို့ စသဖြင့်ပေါ့ ပျော်ရွှင်စရာတွေကို ပြုလုပ်ပါ။ ပြဿနာတွေ တက်လာတဲ့အခါမှာ နှစ်ယောက်လုံး အဆင်ပြေစေမဲ့ အရာတွေကို ညှိနှိုင်းယူပါ...အဲ့လိုလုပ်ချင်က နှစ်ယောက်လုံးအတွက် စိတ်ကိုသက်သာစေပါတယ်။ 

တစ်ယောက်မသိအောင်တစ်ယောက် အပြန်အလှန် Surprise လုပ်ပေးပါ။ ပျော်ဖို့ကောင်းသလို ဖြစ်ပေါ်လာတဲ့ ခံစားချက်ကြီးကလဲ ပျော်စရာပါ။ ချိန်တွေ့တဲ့အခါမှာ မတူညီတဲ့နေ့တွေ မတူညီတဲ့နေရာတွေမှာ ချိန်းတွေ့ပါ။ ဒီအပတ် စနေမှာတွေ့တယ် နောက်စနေမှာတွေ့မယ်တို့ ဒီအပတ် ပန်းခြံမှာတွေ့တယ် နောက်အပတ်လဲ ပန်းခြံမှာတွေ့မယ်ဆိုတာတွေကို ပုံသေမလုပ်ပဲ အတက်နိုင်ဆုံး မတူအောင်လုပ်ပြီ ချိန်တွေ့ပါ။ တွေတဲ့အချိန်တွေမှာ မကြာခဏဆိုသလိုထိတွေေ့ပးပါ...ပါးနမ်းတာတို့ ဆံပင်ကိုပွတ်သပ်ပေးတာတို့ လက်ကိုဆုပ်ကိုင်ပေးတာတို့ပြုလုပ်ပေးပါ။  

ချိန်းတွေ့တဲ့အခါမှာ ကိုယ်နဲ့ဖုန်းကို ခွာထားပါ.....ဘယ်တော့မှ ချစ်သူနဲ့တွေ့တဲ့အခါကျ ဖုန်းကိုမသုံးပါနဲ့ မကိုင်ပါနဲ့...အရေးကြီးမှသာ ကိုင်ပါ။ ဟုတ်တယ်လေ ချစ်သူနဲ့တွေ့ဖို့လာတာ ဖုန်းသုံးဖို့ ချစ်သူကိုလာတွေ့တာမှ မဟုတ်ပဲ။ ကိုယ်မသိရသေးတဲ့ ကိုယ့်ချစ်သူအကြောင်းတွေကို မေးပါ...အာ့မှသူ့ကို ကိုယ်က သိသထက်သိလာမှယပါ...ကိုယ်ဘက်ကလဲ သူ့ကိုပြောပြပါ သူမသိသေးတဲ့အရာတွေရှိသေးရင်ပေါ့။ အကြင်နာတွေလဲ ပေးတက်ပါစေ...ဒါပေမဲ့ မကျွန်းမိစေနဲ့ပေါ့။ ပျော်စရာတွေကို အတူတူဖန်တီးပါ...ရယ်စရာတွေ ပြောပါ ဟာသတွေပြောကာ အမြဲတမ်းပျော်ရွှင်ရအောင်လုပ်ပါ။ သူ့ကိုယ့်ကိုချစ်တဲ့အတွက် ဘယ်လိုမျိုးတွေခံစားရပြီး ပျော်တယ်ဆိုတာတွေကို ပြောပြပါ။ ချစ်သူတိုင်း အဆင်ပြေကြပါစေ။ 

သတင်းအရင်းမြစ် Wiki How

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။