ဒီအမျိူးသမီးကတော့ မက္ကစီကိုနိုင်ငံမှာနေထိုင်တဲ့ Maria Jose ဆိုသူ အမျိုးသမီးပဲ ဖြစ်ပါတယ်။

မာရီယာဟာ သူမရဲ့ ခန္ဓာကိုယ်ကိုခွဲစိတ်မှုတွေလဲ ပြုလုပ်ခဲ့တဲ့အပြင် ကြောက်စရာကောင်းတဲ့ ပုံပန်းသွင်ပြင်ကြီး ဖြစ်အောင် ပြောင်းလဲခဲ့သူပဲ ဖြစ်ပါတယ်။

Photo credit - elitereaders
Photo credit - elitereaders

ဒါ့အပြင် မာရီယာဟာ သူမရဲ့ခန္ဓာကိုယ်တစ်ကိုယ်လုံးမှာ တက်တူးတွေအပါအဝင် ပြင်ဆင်ခြယ်သမှုအများဆုံးလုပ်နိုင်တဲ့သူအဖြစ် ဂင်းနစ်စံချိန်တင်ထားတာပါ။

သူမဟာ အသိသာထင်ရှားဆုံးဖြစ်တဲ့ တက်တူးတွေနဲ့ နဖူး ၊ရင်ဘက် ၊ လက်မောင်းတွေ ၊မျက်ခုံးတွေ ၊ နှုတ်ခမ်း၊ နှာခေါင်း ၊လျှာ နားရွက် နဲ့ ဗိုက်ကြွက်သားတွေမှာလည်း သူမရဲ့စိတ်ကြိုက် ပုံစံကိုရရှိအောင် ပြုပြင်ပြောင်းလဲထားသူပဲ ဖြစ်ပါတယ်။

သူမ​ပြောင်းလဲထားတဲ့ ပုံစံက သေချာကြည့်ရင် ကြောက်စရာဘီလူး သရဲကြီးတစ်ယောက်လိုပါပဲ။

Photo credit - elitereaders
Photo credit - elitereaders

ဂင်းနစ်မှတ်တမ်းမှာတော့ မာရီယာဟာ သူမရဲ့ ခန္ဓာကိုယ်ကို ပြုပြင်ပြောင်းလဲထားတာ စုစုပေါင်း (၄၉)ခုခန့်ရှိတယ်လို့ ရေးသား​ဖော်ပြထားပါတယ်။

မာရီယာရဲ့ မပြောင်းလဲခင်ပုံနဲ့ ပြောင်းလဲပြီးသွားတဲ့ပုံက တော်တော်လေးကိုကွာခြားသွားတာပဲနော် ပရိသတ်ကြီး။

Photo credit - elitereaders
Photo credit - elitereaders

Source - Elitereaders

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။