မစ္စယန်းဟီးလီအား ရခိုင်အမျိုးသားပါတီ(ANP)တွေ့ဆုံမည်မဟုတ်

ကုလသမဂ္ဂ၏မြန်နိုင်ငံလူ့အခွင့်အရေးဆိုင်ရာ အထူးအစီရင်ခံစာတင်သွင်းသူ မစ္စယန်းဟီးလီဟာjuly 9ညနေကရန်ကုန်သို့ရောက်ရှိပါတယ် ဒါဟာသူမရဲ့ခြောက်ကြိမ်မြောက်မြန်မာနိုင်ငံခရီးစဉ်ဖြစ်ပါတယ် ဇူလိုင်၁ဝရက်ကနေ၂၁ထိကြာမယ့်ဒီခရီးစဉ်မှာ ရန်ကုန် နေပြည်တော် ရှမ်းပြည်နယ် ရခိုင်ပြည်နယ် ကရင်ပြည်နယ်တို့ကိုသွားရောက်ပြီး နိုင်ငံရေးပါတီတွေ လူ့အခွင့်ရေးအဖွဲ့စည်းတွေနဲ့တွေ့ဆုံသွားမှာဖြစ်ပါတယ်

ရခိုင်အမျိုးသားပါတီ(ANP)ကတော့မစ္စယန်းဟီးလီနဲ့တွေ့ဆုံမှာမဟုတ်ဘူးလို့ပါတီရဲ့အထွေထွေအတွင်းရေးမှူး ဦးထွန်းအောင်ကျော်ကပြောပါတယ် ရခိုင်အရေးနဲ့ပတ်သက်လို့ကုလကိုတင်သွင်းတဲ့အစီရင်ခံစာတွေမှာ အမှန်တရားနဲ့ကင်းကွာနေပြီး အသိုင်းအဝိုင်းနှစ်ခုကြားမှာဘက်လိုက်ဖော်ပြမှုတွေရှိနေတယ်လို့ပြောပါတယ်

မစ္စယန်းဟီးလီရဲ့၁၁တာကြာမယ့်ဒီခရီးစဉ်ရဲ့လေ့လာတွေ့ရှိချက်တွေကို လာမယ့်အောက်တိုဘာမှာကျင်းပမယ့်ကုလသမဂ္ဂညီလာခံမှာတင်ပြမှာဖြစ်တယ်လို့သိရှိရပါတယ်

သတင်းအရင်းမြစ် DVB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။