ပရိသတ်ကြီးလဲ သိရှိကြမှာပါ.....ကမ္ဘာကြီးတစ်ခုထဲ သက်ရှိတွေနေထိုင်တာမဟုတ်ပဲ....စကြာဝဠာဆိုတာဟာလဲ တစ်ခုထဲရှိတာမဟုတ်ပါဘူး။ လူသားတွေနေထိုင်တဲ့ကမ္ဘာနည်းတူ တခြားလောက စကြာဝဠာ ကမ္ဘာတွေလဲရှိပါတယ်။ ရုပ်ရှင်ကားတွေထဲမှာလဲ ပရိသတ်တို့ကြည့်ဖူးကြမှာပါ....ပညာရှင်တွေဟာဆိုရင်လဲ အဲ့လို အပြိုင်စကြာဝဠာတွေရှိတယ်ဆိုတာကို လက်ခံထားကြပါတယ်။ ခုဆိုရင်လဲ ဒီကမ္ဘာကမဟုတ်ဘူးလို့ပြောလို့ရတဲ့ အမြွှာညီအစ်မနှစ်ယောက် ရှိခဲ့ဖူးပါတယ်။ 

သူတို့နှစ်ယောက်ကို လူအများခေါ်ကြတာကတော့ “The Silent Twins” လို့ခေါ်ကြပြီး နာမည်တွေကတော့ June နဲ့ Jennifer Gibbons တို့ပဲဖြစ်ပါတယ်။ သူတို့နှစ်ယောက်ဟာဆိုရင် မွေးမွေးလာပြီး သိတတ်တဲ့အရွယ်ရောက်လာတဲ့အချိန်မှာတော့ သူတို့သူငယ်ချင်း၊ မိသားစုနဲ့ ကမ္ဘာပေါ်မှာရှိတဲ့ လူတွေအကုန်လုံးနဲ့ ခပ်ကင်းကင်းနေခဲ့ကြပါတယ်။ သူတို့ဘာသာ သူတို့ ဘာသာစကားတစ်ခုကို တီထွင်ကြပြီး တခြားဘယ်သူနဲ့မှ စကားမပြောကြပါဘူး။ သူတို့၂ယောက်အချင်းချင်းပြောပြီး သူတို့ကိုသူတို့ပြောရုံကလွဲလို့မရှိပါဘူး။ 

အဲ့လိုအရာတွေကြောင့် သူတို့ရဲ့မိသားစုနဲ့ ပတ်ဝန်းကျင်က စိတ်ရောဂါခံစားနေရတယ်ထင်ပြီး စိတ်ရောဂါဆေးရုံးကို ပို့ခဲ့ကြပါတယ်။ သူတို့ကို မပို့တဲ့အချိန်တွေတုန်းကဆိုရင် နေထိုင်ရာမြို့မှာ မှုခင်းတွေအများအပြားရှိခဲ့ပြီး လူတွေညဘက်အပြင်မထွက်ရဲလောက်အောင်ရှိခဲ့ကြပါတယ်။ သူတို့နှစ်ယောက်ဟာ ၁၁နှစ်တာအချိန်လောက် ဆေးရုံးရောက်သွားခဲ့ကာ အမှုတွေပျောက်ကုန်ပြီး ပုံမှန်ပြန်ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ Jennifer က June ကိုစကားတစ်ခွန်းပြောပြခဲ့ပါတယ်။ နှစ်ယောက်ထဲက တစ်ယောက်အသက်ရှင်ဖို့အတွက် တစ်ယောက်က သေပေးရမယ်လို့ပြောပြခဲ့ပါတယ်။ ဆေးရုံးဆင်းတဲ့နေ့မှာတော့း Jennifer ဟာသေဆုံးနေခဲ့ပြီဖြစ်ပါတယ်။  

သတင်းအရင်းမြစ် Bloggers Arena

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။