လူတိုင်းမှာတော့ တွေ့ကြုံနေရတဲ့ အခတ်အခဲတွေရှိတာမို့ စိတ်ဓာတ်ကျတဲ့အခိုက်တွေ စိတ်မချမ်းသာတဲ့အခိုက်တွေ ရှိတက်ပါတယ်။ လူတိုင်းနီးပါး စိတ်ဓာတ်ကျတတ်ပါတယ်....အဲ့လိုအချိန်မှာ ကိုယ့်ကိုခင်တဲ့သူတွေကတော့ လာပြီး နှစ်သိမ့်အားပေးကြမှာပါပဲ။ ကိုယ်ခင်တဲ့သူ ချစ်တဲ့သူက စိတ်ဓာတ်ကျနေရင် တကယ့်ခင်တဲ့ ချစ်တဲ့သူတွေက လက်ပိုက်ကြည့်မနေနတက်ပါဘူး။ ဒါပေမဲ့လဲ လာနှစ်သိမ့်တဲ့သူတွေက ခင်လိုချစ်လို့ဆိုပေမဲ့ မပြောသင့်တဲ့ စကားတွေရှိသလို ကိုယ်ကိုတိုင်ကလဲ မပြောသင့်တဲ့စကားတွေရှိပါတယ်။ 

အဲ့စကားတွေက ဘာလဲဆိုတော့ ခုဖော်ပြသွားမဲ့စကားတွေပဲဖြစ်ပါတယ်။ " မင်းစိတ်ဓာတ်ကျနေတုန်းလား....ဆေးမသောက်ဘူးလား " ဆိုတဲ့စကားဟာ လူပြောနည်းပေမဲ့ ပြောတဲ့သူတွေရှိပါတယ်။ တချို့ဆေးတွေက သောက်ရင် လူကိုလန်းစေပေမဲ့ စွဲသောက်လို့ မကောင်းတဲ့အရာတွေပါ....ဦးနှောက်လုပ်ဆောင်မှုကို ထိခိုက်တက်ပါတယ်။ စိတ်လန်းအောင်သောက်ခိုင်းပေမဲ့ ကြာလာရင် ကို့ယ်ကိုထိခိုက်ပါတယ်။ " လာကွာ...မင်းစိတ်ညစ်မနေနဲ့တော့...ငါတို့နဲ့ သွားသောက်ရအောင် " ဆိုတဲ့စကားဟာလဲ ဘော်ဒါတွေကြားထဲမှာ ရှိပါတယ်။ တကယ်တော့ အရက်သောက်တာက လူကိုပိုပူဆွေးစေပါတယ်။" ငါလိုမျိုး ပျော်အောင်လို့ ဒီလိုတွေလုပ်ကြည့် " ဆိုတာကလဲ ကောင်းသလိုလိုနဲ့ မဟုတ်ပါဘူး။  

လူတိုင်းက ကိုယ်လိုမဟုတ်ပဲ...ကိုယ်ပျော်တဲ့ အရာတွေက တစ်ဖက်သူအတွက် ပျော်ရွှင်ချင်မှာ ပျော်ရွှင်မှာပါ။ အာ့ကြောင့် ကိုယ်နဲ့ယှဉ်ပြီ မပြောသင့်ဖို့တော့ ဂရုစိုက်ပါ။ " ငါပြောတာ နားထောင်လိုက်...ငါစိတ်ညစ်ရင် စိတ်ဓာတ်ကျနေရင် နာကျင်မှုနဲ့ ဖြေဖျောက်တာ " ဆိုပြီး ပရိသတ်ကြီးလဲ သိကြမှာပါ။ ဒီနေ့ခေတ်မှာဆိုရင် အဲ့လိုမျိုး ကိုယ့်အသားကိုယ်နာအောင်လုပ်ပြီး စိတ်ညစ်မှုတွေကို ဖယ်ဖျောက်ကြပါတယ်။ ဒါဟာနည်းမှန်မဟုတ်ပါဘူး....စိတ်ရောဂါဝေဒနာရှင်လို့တောင် ပြောလို့ရပါတယ်။ " ငါလား...အဆင်ပြေပါတယ်...အေးဆေးပဲ " ဆိုတဲ့စကားကို လူတော်တော်များများ ပြောကြပါတယ်။ အဲ့လိုမျိုးတွေမပြောပါနဲ့...ဟန်မဆောင်ပါနဲ့...ကိုယ်အဆင်မပြေရင် မပြေဘူးလို့သာပြောလိုက် ရင်ဖွင့်ချပလိုက် ပြောချပလိုက်ပါ။ အဲ့လိုမျိုးပြောလိုက်တာက ကောင်းပါတယ်...အဲ့လိုမျိုးတွေပြောချဖို့ မာနတွေတင်းခံမနေပါနဲ့...ကြောက်ရွှံမနေပါနဲ့....ဖွင့်ဟပြောပြလိုက်ပါ။

သတင်းအရင်းမြစ် Bloggers Arena

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။