ဒီကောင်မလေးရဲ့ နာမည်ကတော့ Shalini Yadav ဖြစ်ပီး သူမဟာ မွေးကတည်းက ၄၅ရက်ကြာတစ်ခါ အရေခွံလဲရတဲ့ပုံစံနဲ့ အသားပေါ်က အရေပြားတွေ ခြောက်သွေ့ပြီးကွာတဲ့ ဝေဒနါကို ခံစားနေရသူပဲ ဖြစ်ပါတယ်။

ဒါ့ကြောင့် သူမဟာ မြွေတွေဆီက ဆင်းသက်လာသူလို့ လူသိများပါတယ်။

Photo from google

Shalini အပါအဝင် လူရှစ်ယောက်ရှိတဲ့သူမရဲ့မိသားစုဟာ အင်မတန်ဆင်းရဲလွန်းတာကြောင့် Shalini ကို ဘယ်လိုမှ အကူအညီမပေးနိုင်ခဲ့ပါဘူး။

သို့ပေမယ့်လည်း သူမရဲ့ မိခင်ဖြစ်သူ Devkunwar က မရရအောင်ကျိုးစားပီး ဆရာဝန်တွေအမြောက်အများနဲ့ပြသခဲ့ပေမယ့် သူမရဲ့အရေပြားရောဂါကို ကုသပေးနိုင်တဲ့ဆရာဝန်မတွေ့ရှိခဲ့ပါဘူး။

Photo from google
Photo from google

Shalini ရဲ့ရောဂါဟာ Erythroderma လို့ခေါ်တဲ့ အရေပြားရောဂါတစ်မျိုးဖြစ်ပြီး အရေပြားတွေခြောက်သွေ့မာလာပြီး နောက်ဆုံးအကြေးခွံပုံစံအဖတ်တွေဖြစ်ကာ ကွာကျတတ်တဲ့ ရောဂါပဲဖြစ်ပါတယ်။

Shalini ဟာ သူမရဲ့အရေပြား ခြောက်သွေ့ပြီးကွာကျနေတဲ့ အနေအထားကနေ ခဏတာသက်သာဖို့အတွက် ရေထဲမှာစိမ်နေရတာ၊ ဒါမှမဟုတ် Lotion လိမ်းရတာမျိုးလုပ်ရပါတယ်။ ဒီရောဂါအခြေအနေကြောင့်ပဲ Shalini ဟာ ကျောင်းလဲမတက်နိုင်သလို လူကြားထဲတောင်မသွားရဲရှာပါဘူး။

Photo from google
Photo from google

Source - elitereaders

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။