အသက်အရွယ်အားဖြင့် ကြီးရင်နေ့ပီဆိုပေမယ့် လူငယ်လေးတွေအတိုင်း လှမြဲ လှဆဲ ဖြစ်နေတဲ့ သူတွေရှိကြပါတယ်။

အဲ့ဒီလိုပဲ ဂျပန်နိုင်ငံက Masako Mizutani ဆိုတဲ့ အမျိူးသမီးဟာလည်း အသက် ၅၀ ကျော်နေတာတောင် လူငယ်လေးတွေအတိုင်း လှပနေသူ တစ်ဦးပဲ ဖြစ်ပါတယ်။

Photo credit -Masako Mizutani instagram
Photo credit -Masako Mizutani instagram

Masako Mizutani ကိုတော့ (၁၉၆၈)ခုနှစ်မှာမွေးဖွားခဲ့တာဖြစ်ပြီး၊သူမအသက်(၄၇)နှစ်(၂၀၁၅)ခုနှစ်တည်းက သူမရဲ့ဓါတ်ပုံတွေကို အွန်လိုင်းပေါ်တင်ခဲ့ပါတယ်။အဲ့ဒီတည်းက စပြီး နုပျိုလွန်း တဲ့ရုပ်ရည်ကြောင့် နာမည်ကြီးလာခဲ့တာပဲ ဖြစ်ပါတယ်။

အလှမယ််သရဖူဆောင်း ပြီးနောက် မှာတော့ မော်ဒယ်အေဂျင်စီတွေက သူမကို အပြိုင်အဆိုင်ကမ်းလှမ်း ခဲ့ပါတယ်။

အဲ့ဒီနောက်မှာတော့ သူမဟာဂျပန်နိုင်ငံရဲ့ “Youthful Pageant” နုပျိုလွန်းတဲ့အလှမယ်ဖြစ်လာခဲ့ပြီး သူမရဲ့ ဂုဏ်သတင်းက တဖြေးဖြေးပိုမွှေးလာခဲ့ပါတယ်။

Photo credit -Masako Mizutani instagram
Photo credit -Masako Mizutani instagram

နုပျိုနေရတဲ့ လျှို့ဝှက်ချက်တော့ သူမဟာ သတ်သတ်လွတ် Diet Plan နဲ့ စားသောက်သူဖြစ်ပြီး၊အရက်၊ဆေးလိပ်လုံးဝမသောက်သလို နေရောင်နဲ့ အသားရေထိတွေ့တာတွေကိုပါ သေသေချာချာဂရုစိုက်ကန့်သတ်ထားသူပါ။ဒါ့တင်မကပဲ တစ််နေ့မှာငါးနာရီလောက် skin care ၊ body care လုပ်လေ့ ရှိပါတယ်။

ထာဝရနုပျိုသူ ဂျဂန်အမျိုးသမီးလို့ ထင်ရှားသူတစ်ယောက်လို့ ထင်ရှားတဲ့ Masako Mizutani လေးဟာ နာမည်နဲ့လိုက်အောင် အရွယ်တင် နုပျိုလှပလိုက်တာနော် ပရိသတ်ကြီး။

Photo credit -Masako Mizutani instagram
Photo credit -Masako Mizutani instagram

Source - elitereaders

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။