ကိုယ့်အပေါ်တကယ်တန်ဖိုးထားချစ်မြတ်နိုးတဲ့သူ ဆိုတာ ကိုယ့်ရဲ့ အားနည်းချက် ၊ချို့ယွင်းချက်မှန်သမျှ ကို နားလည်သည်းခံပြီး လက်တွဲပေးတဲ့သူမျိုးပါ။

အဲ့ဒီလိုပဲ ထိုင်းနိုင်ငံ မှာလည်း တစ်ယောက်နဲ့ တစ်ယောက် နားလည်မှုအပြည့်နဲ့ လူအများ စံထား လေးစားအားကြရတဲ့ ဇနီးမောင်နှံလေး ရှိပါတယ်။

ဒီဇနီးမောင်နှံဟာ လူမှုကွန်ယက်ပေါ်မှာ သူတို့ရဲ့ ပုံရိပ်လေးတွေ ပျံ့နှံ့လာရမှ လူအများက သူတို့နှစ်ယောက်ရဲ့ လေးစားအားကျစရာ ဘဝလေးကို သိရှိခဲ့ရတာပဲ ​ဖြစ်ပါတယ်။

Photo credit - elitereaders

ဇနီးဖြစ်သူ အမျိုးသမီး ဟာ ခြေထောက်နှစ်ဖက်မရှိပေမယ့် သူမကို ဂရုတစိုက်ကြင်ကြင်နာနာနဲ့ချစ်ခင်တဲ့ ခင်ပွန်းသည် ကိုပိုင်ဆိုင်ထားရသူပါ။

ဒါ့အပြင် သူမတို့ ဇနီးမောင်နှံမှာ ချစ်စရာကောင်းတဲ့သမီးလေးတစ်ယောက် ပိုင်ဆိုင်ထားပြီး ပျော်ရွှင်စရာကောင်းတဲ့ မိသားစုလေးအဖြစ် အားလုံးရဲ့ ချီးကျုးလေးစားမှုတွေကို ရရှိထားသူလေးတွေပဲ ဖြစ်ပါတယ်။

Photo credit - elitereaders
Photo credit - elitereaders

ဘယ်လိုအခြေအနေမျိုးပဲဖြစ်ဖြစ် ဇနီးသည်အပေါ် မငြိုငြင်ပဲ ဒီလိုမျိုးတန်ဖိုးထားချစ်ခင်တဲ့ ခင်ပွန်းဖြစ်သူ အမျိုးသားရဲ့ စိတ်ထားကိုတော့ အတုယူသင့်ပါတယ်နော်။

ပရိသတ်တွေထဲ မှာရော ချစ်သူက ဒီလိုကိုယ်အင်္ဂါချို့ယွင်းမှုရှိနေခဲ့ရင် အနားက မထွက်သွားပဲ စွဲစွဲမြဲမြဲချစ်နိုင်တဲ့ သူတွေရှိကြတယ်မလား။

Photo credit - elitereaders
Photo credit - elitereaders

Source - elitereaders

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။