အယ်လီယက်စ်ဟာနန်ဒက်ရဲ့ ခြေစွမ်းပြမှုနဲ့အဖွင့်လှသွားတဲ့မက္ကဆီကို

၂၀၁၇Gold cup ပြိုင်ပွဲ အုပ်စုပွဲစဉ်တစ်ရဲ့ နောက်ဆုံးအုပ်စုရဲ့ပွဲစဉ်တွေမှာ မက္ကဆီကိုနဲ့ဂျာမေကာတို့ဟာအနိုင်ရရှိသွားပါတယ်

မက္ကဆီကိုအသင်းဟာ အယ်ဆာဗေးဒိုးအသင်းကို၃ဂိုးတစ်ဂိုးနဲ့အနိုင်ရရှိကာ အသက်၂၉နှစ်အရွယ်ရှိသူတောင်ပံတိုက်စစ်သမား အယ်လီယစ်ဟာနန်ဒက်က ဒုတိယဂိုးအပါအဝင် ဂိုးရရှိရန်နှစ်ကြိမ်ဖန်တီးကာခြေစွမ်းပြသွားပါတယ် အခြားပွဲစဉ်မှာတော့ဂျာမေကာအသင်းကကူရာရှာအိုအသင်းကို၂ဂိုးဂိုးမရှိနဲ့အနိုင်ရရှိသွားပါတယ်

အင်္ဂါနေ့မနက်အစောပိုင်းမှာတော့ အုပ်စုအေရဲ့ဒုတိယပွဲစဉ်၂ကိုဆက်လက်ယှဉ်ပြိုင်သွားမှာဖြစ်ပြီး ကော်စတာရီကာအသင်းနှင့်ဂျာမေကာ ဟွန်းဒူးရပ်စ်နဲ့ပြင်သစ်ဂွီယာနာအသင်းတို့ ဆက်လက်ယှဉ်ပြိင်သွားမှာပါ

သတင်းအရင်းမြစ် ESPN

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။