အကျိတ်ဖယ်ရှားပြီးတဲ့နောက်မှာ မျက်နှာတစ်ခြမ်းလုံးဝမရှိတဲ့အနေအထားကနေ မျက်နှာတစ်ခုလုံးအကောင်းပတိဖြစ်အောင် ကုသနိုင်ခဲ့တာပဲဖြစ်ပါတယ်။

အသက် ၃၈နှစ်အရွယ်ရှိ Tim McGrath အမည်ရအမျိုးသားဟာ Synovial Sarcomak အခြေအနေလို့သဘောရတဲ့ ရှားပါးကင်ဆာအခြေအနေကို ခံစားနေခဲ့ရသူဖြစ်ပြီး သူ့ရဲ့မျက်နှာတစ်ခြမ်းလုံး ကင်ဆာအကျိတ်ကြီးတွေနဲ့ ဖုံးလွှမ်းနေခဲ့တာပဲဖြစ်ပါတယ်။

သူဟာ ကင်ဆာအကျိတ်တွေကိုဖြတ်ထုတ်နိုင်ခဲ့ပေမယ့် မျက်နှာကတော့ အကောင်းပတိပြန်မဖြစ်ခဲ့ဘဲ တစ်နှစ်တာလုံး မျက်နှာတစ်ခြမ်းနဲ့ပဲ နေထိုင်ခဲ့ရတာဟာ ဒေါက်တာ Kongkrit Chaiyasateနဲ့ မတွေ့ခင်အချိန်ထိပါ။ Dr. Kongkrit ဟာ Tim ရဲ့အကြောင်းကို ကြားပြီးတော့ ခွဲစိတ်ကုသမှုပြုလုပ်ပေးဖို့ကမ်းလှမ်းခဲ့ပါတယ်။

တကယ်တော့ Tim ဟာ ကင်ဆာအကျိတ်ဖယ်ပြီးကတည်းက သူ့ရဲ့မျက်နှာတစ်ခြမ်းလုံးဆုံးရှုံးသွားပြီးကတည်းက သာမန်လူတစ်ယောက်လို မနေနိုင်ခဲ့တဲ့အတွက် စိတ်ဓာတ်ကျပြီး အကြိမ်ကြိမိ လက်မြှောက်အရှုံးပေးခဲ့သူပါ။ ဒါပေမယ့် Dr.Kongkrit ရဲ့ကမ်းလှမ်းမှုကိုလက်ခံခဲ့ပြီး သူဟာ လက်မောင်းနဲ့ ခြေထောက်က ကြွက်သားနဲ့ အရေပြားတွေကိုအသုံးပြုပြီး မျက်နှာကိုပြန်လည်ခွဲစိတ်ပြုပြင်ခဲ့ပါတယ်။

ခွဲစိတ်မှုဟာ အောင်မြင်ခဲ့ပြီး Tim ဟာ အစာနဲ့ရေမသောက်နိုင် မစားနိုင်သေးပေမယ့် စကားတစ်ချို့ကို မပီမသထွက်နိုင် ပြောနိုင်နေပြီဖြစ်ပါတယ်။ ၂၀၁၈ခုနှစ်ရောက်တဲ့အခါ မျက်နှာတစ်ခုလုံးအပြည့် ပြန်လည်တည်ဆောက်မှုကို ဆက်လက်ခံယူမှာဖြစ်ပါတယ်။

သတင်းအရင်းမြစ် Dailymail

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။