မိုလ်ဆူးမြို့ရှိ ISလက်ကျန်တပ်ဖွဲ့များကိုဆက်လက်ရှင်းလင်း

အီရတ်နိုင်ငံမိုလ်ဆူးမြို့ကိုသိမ်းပိုက်နိုင်ခဲ့ပြီလို့ကြေငြာခဲ့ပေမယ့် အီရတ်တပ်ဖွဲ့ဝင်တွေဟာ လက်ကျန်စစ်သွေးကြွISတပ်ဖွဲ့ဝင်တွေကိုပိုက်စိတ်တိုက်ရှာဖွေနေတုန်းပါ ၂၀၁၄ခုနှစ်ကတည်းကအစ္စလာမ္မစ်နိုင်ငံများ စစ်သွေးကြွအဖွဲ့ISကမိုလ်ဆူးမြို့ကိုသိမ်းပိုက်ထားခဲ့တာပါ

အီရတ်တပ်ဖွဲ့ဝင်များနှင့်အမေရိကန်ဦးဆောင်တဲ့ညွှန့်ပေါင်းတပ်ဖွဲ့တွေကလည်းလေကြောင်းကနေပစ်မှတ်ထားတိုက်ခိုက်ကူညီခဲ့တာပါ အခုဆိုရင် အသေခံဗုံးခွဲဝတ်စုံများဝတ်ဆင်ပြီးနေအိမ်များအတွင်းပုန်းအောင်းနေတဲ့ စစ်သွေးကြွတွေကို အိမ်တွေထဲထိစီးနင်းရှာဖွေနေရတဲ့ ဒီနောက်ဆုံးအဆင့်တိုက်ပွဲဟာ အပြင်းထန်ဆုံးပါပဲလို့အီရတ်တပ်ဖွဲ့ဝင်များကပြောပါတယ်

ISတပ်ဖွဲ့ဝင်၁ဝဝနဲ့၁၅ဝကြားကျန်နေဦးမယ်ခန့်မှန်းပြီး သူတို့ဟာစတုရန်းမီတာ၂ဝဝလောက်အတွင်းမှာပဲအီရတ်တပ်ဖွဲ့တွေရဲ့ပိတ်ဆို့ခြင်းခံထားရပါတယ် ရက်ပိုင်းအတွင်းမှာတိုက်ပွဲပြီးဆုံးမယ်လို့ခန့်မှန်းထားပါတယ် အီရတ်တပ်ဖွဲ့ဝင်တွေနဲ့ ညွှန့်ပေါင်းတပ်တွေဟာ ပြီးခဲ့တဲ့နှစ်အောက်တိုဘာကတည်းက မိုလ်ဆူးမြို့ကိုပြန်လည်သိမ်းပိုက်နိုင်ဖို့ကြိုးစားခဲ့တာပါ

သတင်းအရင်းမြစ် BBC News

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။