ပြီးခဲ့တဲ့ရက်အတွင်းက facebook မှာ Mg Lay အမည်ရ Facebookအသုံးပြုသူတစ်ယောက်ကနေ တင်ခဲ့တဲ့ post လေးဟာ အင်မတန်လူဝေဖန်ခံရပြီး ပြန်လည်မျှဝေမှုများပြားခဲ့ပါတယ်။ post ထဲမှာ ပါဝင်တဲ့အကြောင်းအရာကတော့ ညောင်ဦးကျောက်ပန်းတောင်လမ်းမကြီးပေါ် ဆိုင်ကယ်မှောက်ရာမှာ စီးလာတဲ့လူနှစ်ဦးသေနိုင်တဲ့အနေအထားမှာတော့ ကားနဲ့ ဖြတ်သွားသူ နိုင်ငံခြားသားနှစ်ယောက်ကနေ ၀ိုင်းကြည့်နေတဲ့ မြန်မာလူမျိူးတွေကို ဆေးရုံကားအမြန်ခေါ်ပေးဖို့ အကူအညီအော်တောင်းနေခဲ့ရတဲ့အဖြစ်အပျက်ပဲဖြစ်ပါတယ်။

အဖြစ်အပျက်အပြည့်အစုံကိုတော့ အဆိုပါ facebook အသုံးပြုသူကနေ "သူတို့နဲ့ကျွန်တော်တို့ကြားကကြီးမားသည့်ကွာခြားချက်" လို့ ခေါင်းစဉ်တပ်ပြီး အောက်ပါအတိုင်း ရေးသားခဲ့ပါတယ်။

" မနေ့ကမွန်းလွဲ၁:၂၀ မှာ၊ညောင်ဦးကျောက်ပန်းတောင်လမ်းမကြီးပေါ်၊ညောင်ဦးရောက်ရန် ၆/၇ မိုင်အလိုလောက်မှာ ဆိုင်ကယ်တစ်စီးမှောက်တယ်၊ စီးလာတဲ့သူနှစ်ယောက် သေနိုင်တဲ့အခြေနေမျိုး၊ နိုင်ငံခြားသားနှစ်ယောက်ပါတဲ့ကားမှာ ကားဆရာကမရပ်ဘူး။ နိုင်ငံခြားသားက အတင်ရပ်ခိုင်းတယ်။ ကျွန်တော်တို့ပြည်သူတွေ၃၀ ကျော်လောက်ရှိမယ်၊ အဲ့ဒီအချိန်ကျွန်တော်တို့ကားရောက်လာတယ်။ နိုင်ငံခြားအမျိုးသ္မီးက မြင်မကောင်းအောင်ဖြစ်နေတဲ့လူနာနှစ်ယောက်ကိုသန်ု့စင်ပေးနေတယ် ပါးစပ်ကလည်းအရေးပေါ်ကားခေါ်ပေးကြဖို့တစ်စာစာအော်နေတယ်။"

" ကျွန်တော်တို့နိုင်ငံသား၃၀/၄၀ ကတော့မကိုင်ရဲမထိရဲပဲ ရဲခေါ်ဖို့ ရဲမလားခင်သွားထိလို့မရဘူးဆိုပြီးတော့ဖုန်းလေးတွေနဲ့တစ်ဖြတ်ဖြတ်ဓါတ်ဖမ်းကြပါတယ် ကျွန်တော်အပါအဝင်ပေါ့နော့။

ကျွန်တော်တို့ကားကရဲသွားခေါ်တယ် လူနာတင်ယဉ်သွားခေါ်တယ်။ ထူးခြားတာကရဲကဝေ့လည်ကြောင်ပတ်နဲ့မလိုက်ခြင်လို့အချိန်ဆွဲတယ်။

လိုက်လာပါတယ်ချက်ခြင်းလူနာတင်ယဉ်တွေ၊လူနာတင်ပြီးတော့ပြသနာကတစ်ခု၊လူနာကဘယ်ကမှန်းမသိ၊လူနာရှင်မရှိတော့ လူနာတင်ယဉ်ကမသွားရဲဘူး၊ နိုင်ငံခြားသူကကားကိုအလန်းပေးချက်ခြင်းဆေးရုံသွားဖို့အသက်မှီဖို့အတွက်အမိန့်ပုံစံပြောလာပါတယ်၊ကျွန်တောတို့လည်းမလိုက်ခြင်တဲ့ရဲကိုလူနာတင်ယဉ်ပေါ်အတင်းတွန်းတင်ပြီးသွားခိုင်ရပါတယ်။

ကွာခြားတာကသူတို့ကလူနာအသက်မှီဖို့နံပတ်တစ်၊ ကျွန်တော်တို့ရဲမလာမခြင်စောင့်ဖို့ကနံပတ်တစ်?? "

သတင်းအရင်းမြစ် Mg Lay

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။