လူသားတွေနေထိုင်ရာ ကမ္ဘာပေါ်မှာဆိုရင် အလည်အပတ်နေရာတွေများလွန်လို့ မရောက်မလည်နိုင်ခဲ့တဲ့ နေရာတွေအများကြီးရှိပါတယ်။ ဒါပေမဲ့လဲ လည်ပတ်တဲ့သူဟာလဲ သူ့ဝါသနာပါရာ အလိုက်သွားရောက်လည်ပတ်တာပဲဖြစ်ပါတယ်။ စွန်ကစားတာ ဝါသနာပါသူကတော့ တောင်ထွက်ခရီးတွေ တောထွက်ခရီးတွေ ထွက်မှာပဲ အေးချမ်းပျော်ရွှှု်စရာဆိုရင်တော့ မြို့ကြီးပြကြီးတွေကို လည်ပတ်မှာပဲ။ ကြောက်ဖို့ကောင်းပြီး ထိတ်လန့်တဲံနေရာတွေကိုမှာ လေ့လာစူးစမ်းခြင်းသူတွေကတော့ နှလုံးဖောက်မတက်ဖြစ်တဲ့ နေရာတွေကို သွားလည်စမြဲပါ။ 

ခုဆိုရင်တော့ ကြောက်ဖို့ အကောင်းဆုံး ထိတ်လန့်စရာအကောင်းဆုံး နေရာ ၂နေရာကို ဖော်ပြသွားမှာဖြစ်ပါတယ်။ Oradour-sur-Glane ဆိုတဲ့နေရာကတော့ ပြင်သစ်မှာ တည်ရှိတဲ့နေရာဖြစ်ပြီး ဒုတိယကမ္ဘာစစ်တုန်းက ဂျာမဏီတွေ သိမ်းဆည်ထားတဲ့ ရွာငယ်လေးတစ်ရွာဖြစ်ပါတယ်။ အဲ့တစ်ရွာလုံးနီးပါး မိန်းမတွေေရော ကလေးပါမကျန် တစ်ရွာလုံးကို အစုလိုက်အပြုံလိုက် စက်သေနတ်နဲပစ်သတ်ခဲ့ကြတာမို့ ပရိသတ်ကြီးလဲ သွားရောက်မလည်စေချင်လောက်ပါဘူး။ 

Togo နိုင်ငံရဲ့ အဓိကမြို့တော့ဖြစ်တဲ့ Lome မြို့မှာဆိုရင် Akodessewa Fetish ဆိုတဲ့ ဈေးရှိပါတယ်။ နာမည်နဲ့လိုက်အောင်ပါပဲ ဈေးဟာဆိုရင် ကမ္ဘာပေါ်မှာ အကြီးဆုံး အောက်လမ်းတွေနဲ့ပတ်သတ်တဲ့ ပစ္စည်းတွေ စသဖြင့် ဝယ်လိုရတဲ့ ဈေးပဲဖြစ်ပါတယ်။ အဲ့မှာဆိုရင်တော့ များစွာသော ကျားသစ်အရိုးခေါင်းတွေရယ် လူအရိုးခေါင်းတွေရှိတာမို့ Africa မှာ ကြောက်စရာအကောင်းဆုံးနေရာတစ်နေရာလဲဖြစ်ပါတယ်။ တခြားသောကြောက်စရာကောင်းတဲ့နေရာ ၃နေရာလဲ ကျန်ပါသေးတယ်။ 

သတင်းအရင်းမြစ် Bloggers Arena

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။