နာမည်လေးနဲ့လိုက်အောင် ဖြူစင်တဲ့စိတ်ထားကောင်းလေးကိုပါ ပိုင်ဆိုင်ထားသူလေးကတော့ မင်းသမီးချောလေး ဖြူဖြူထွေးပဲ ဖြစ်ပါတယ် ။ ဖြူဖြူထွေးဟာဆိုရင် ဟာသဗီဒီယိုလေးတွေနဲ့ လူမှုကွန်ယက်စာမျက်နှာထက်မှာ လူသိများအောင်မြင်လာခဲ့ရင်းကနေ အနုပညာလမ်းကြောင်းပေါ်ကို ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ် ။ ဖြူဖြူထွေးက ဇာတ်ကားကြီးတွေမှာ ပါဝင်သရုပ်ဆောင်ခဲ့ရသလို ကြော်ငြာတွေလည်း အများအပြားရိုက်ကူးနေရတာ ဖြစ်ပါတယ် ။

Photo Credit-Phyu Phyu Htwe's FB Acc & Amazing Grace
Photo Credit-Phyu Phyu Htwe's FB Acc

လက်ရှိမှာတော့ ဖြူဖြူထွေးက အောင်မြင်တဲ့အနုပညာရှင်တစ်ယောက်အဖြစ် ရပ်တည်နေသလို သူများတွေနဲ့မတူတဲ့ သူမရဲ့ကြော်ငြာတွေကလည်း အရမ်းကိုအောင်မြင်နေတာ ဖြစ်ပါတယ် ။ မာန်မာနကင်းတဲ့ဖြူဖြူထွေးက အလှူအတန်းတွေကိုလည်း ပုံမှန်ပြုလုပ်နေဆဲ ဖြစ်ပါတယ် ။ ဖြူဖြူထွေးက ပျော်ပျော်နေတတ်တာကြောင့် သူမရဲ့အားလပ်ချိန်တွေမှာ Tik Tok ဗီဒီယိုလေးတွေကို ရိုက်ကူးလေ့ရှိတာ ဖြစ်ပါတယ် ။

Photo Credit-Phyu Phyu Htwe's FB Acc
Photo Credit-Phyu Phyu Htwe's FB Acc
Photo Credit-Phyu Phyu Htwe's FB Acc

အခုလည်း ဖြူဖြူထွေးက ခပ်မိုက်မိုက်ပုံစံနဲ့ မြူးမြူးကြွကြွလေးကပြီး Tik Tok ဆော့ပြလိုက်တာ ဖြစ်ပါတယ် ။ စကပ်အတိုလေးကိုဝတ်ဆင်ထားတဲ့ ဖြူဖြူထွေးကတော့ လူငယ်ပီပီ အပြတ်လန်းပြီး အရမ်းကိုချစ်ဖို့ကောင်းနေတာပဲ ဖြစ်ပါတယ် ။ ကဲ ချစ်ပရိသတ်တွေအတွက် မင်းသမီးချောလေး ဖြူဖြူထွေးရဲ့Tik Tok ဗီဒီယိုလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source & Video Credit-Phyu Phyu Htwe's Tik Tok Acc

Photo Credit-Phyu Phyu Htwe's FB Acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။