သီချင်းအသစ်နာမည်က Fetish လို့အမည်ရပြီး သီချင်းအသစ်အတွက် ရိုက်ထားတဲ့ဓာတ်ပုံကလည်း ပရိသတ်ကို အတွေးတွေများစေခဲ့ပါတယ်။

Bad liar အပြီးမှာ ပရိသတ်တွေအားပေးမှုထပ်မံရရှိခဲ့တဲ့ selena gomez ဟာ July 13ရက်မှာ Fetish အမည်ရ သီချင်းကို ထပ်မံထုတ်လွှင့်မှာဖြစ်ကြောင်း Twitter ကနေ ပရိသတ်တွေကို အသိပေးခဲ့ပါတယ်။

Selena က သူ့ရဲ့ Twitter အကောင့်မှာ သူမရဲ့ MTV အသစ်ထဲက ပုံတစ်ချို့ကို တင်ခဲ့ပါတယ်။ ပုံထဲမှာတော့ Selena က အဝါဖျော့အရောင် ဝတ်စုံရယ် သူမရဲ့နောက်မှာကားအပျက်တစ်စီးရယ် ဘေးနားမှာ လက်ဆွဲအိတ်တစ်အိတ်ထား ထားတဲ့ပုံကိုတင်ခဲ့တာပါ။သီချင်းကို Featuring  အနေနဲ့ Gucci Mane က ပါဝင်သီဆိုးပေးထားပါတယ်။

သတင်းအရင်းမြစ် MODA

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။