ပရိသတ်တွေရဲ့ အားပေးမှုတွေကြောင့် အနုပညာလောကမှာ အောင်မြင်မှုသရဖူဆောင်းနေဆဲ မင်းသမီးချောလေးကတော့ သင်ဇာဝင့်ကျော်ပဲ ဖြစ်ပါတယ်။ သူမဟာ ခေတ်ရှေ့ပြေးဖက်ရှင်များကို တီထွင်ဆန်းသစ်စွာ ဝတ်ဆင်နေတာကြောင့် ပုရိသတွေက ကြွေပြီးရင်း ကြွေနေကြတာလည်း ဖြစ်ပါတယ်။ သူမဟာ ဝေဖန်မှုတွေများစွာ ရှိနေပင်မယ့်လည်း ကြံ့ကြံ့ခိုင်ကာ ရှေ့ဆက်လျှောက်ရမယ့် အနုပညာပန်းတိုင်ကို မရောက်ရောက်အောင် သွားနေတာလည်း ဖြစ်ပါတယ်။   

Photo Crd- Thinzar Wint Kyaw’s Facebook Page
Photo Crd- Thinzar Wint Kyaw’s Facebook Page
Photo Crd- Thinzar Wint Kyaw’s Facebook Page

သင်ဇာဟာ လတ်တလောမှာလည်း ကြော်ငြာများ လက်မလည်ရလောက်အောင်ကို တောက်လျှောက် ရိုက်ကူးနေရတာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် အားလပ်ချိန်တွေမှာလည်း ကျန်းမာသန်စွမ်းတဲ့ ကိုယ်ခန္ဓာဖြစ်စေရန်အတွက် Gym ဆော့ကစားသူတစ်ယောက်လည်း ဖြစ်ပါတယ်။ ဒါ့ကြောင့်လည်း သူမရဲ့ ကိုယ်လုံးလေးဟာ ဘယ်ချိန်ကြည့်ကြည့် လည်ပြန်ငေးမောရလောက်အောင် လှပနေတာလည်း ဖြစ်ပါတယ်။ 

Photo Crd- Thinzar Wint Kyaw’s Facebook Page
Photo Crd- Thinzar Wint Kyaw’s Facebook Page
Photo Crd- Thinzar Wint Kyaw’s Facebook Page

သူမရဲ့ လှုပ်ရှားမှုတိုင်းကိုလည်း ပရိသတ်တွေကို အမြဲလိုလို တင်ဆက်ပေးနေတာပဲ ဖြစ်ပြီး အခုတစ်ခါမှာလည်း သင်ဇာရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ဗီဒီယိုလေးတွေ တင်ထားတာပဲ ဖြစ်ပါတယ်။ ဒါကတော့ ဆွဲဆောင်မှုရှိစွာနဲ့ မတ်တပ်ရပ်ကာ စက်ဘီးကိုကျွမ်းကျင်ပိုင်နိုင်စွာ စီးပြလိုက်တဲ့ သင်ဇာဝင့်ကျော်ရဲ့ အမိုက်စား Video လေးပဲ ဖြစ်ပါတယ်။ ပရိသတ်တွေလည်း ကြည့်ရှုခံစားနိုင်အောင် ဒီဗီဒီယိုလေးကို တစ်ဆင့် ပြန်လည် ကူးယူတင်ဆပ်ပေးလိုက် ရပါတယ်နော်။

Source and Photo Crd- Thinzar Wint Kyaw’s Facebook Page 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။