မြန်မာသံတေးသံရှင် ပန်းအိဖြူဟာ ပရိသတ်တွေရဲ့ ရင်ထဲမှာ နေရာယူထားနိုင်ခဲ့တဲ့ အဆိုတော် တစ်ယောက်ပဲဖြစ်ပါတယ်။ လက်ရှိမှာတော့ ပန်းအိဖြူဟာ သာယာပျော်ရွှင်တဲ့ အိမ်ထောင်ရေးလေးကို တည်ဆောက်ထားပြီး သားလေးတစ်ယောက်ကိုလည်း မကြာခင်က မွေးထားခဲ့ပါတယ်။ ဒါ့အပြင် ပထမဦးဆုံး သားလေးဖြစ်တာကြောင့် ဖေဖေမေမေ တို့က ချစ်မဝဖြစ်နေခဲ့ပါတယ်။

Photo Credit - Pann Ei Phyu Vocalist fb account
Photo Credit - Pann Ei Phyu Vocalist fb account

သူမရဲ့ သားလေးကလည်း တစ်နေ့တခြား ချစ်စရာကောင်းနေပြီး ယခုဆိုရင် အသက်၂ လကျော်ပဲရှိနေခဲ့ပြီလည်းဖြစ်ပါတယ်။ မေမေ ပန်းအိဖြူကတော့ သားလေး ရဲ့ပုံလေးတွေကို ပရိသတ်တွေ ချစ်အားပိုအောင် အမြဲဖော်ပြပေးပါတယ်။ ယခုမှာလည်း ပန်းအိဖြူက ပရိသတ်တွေအတွက် သားလေးရဲ့ အသည်းယားစရာ ဗီဒီယိုလေးကို တင်ပေးလာခဲ့ပါတယ်။

Photo Credit - Pann Ei Phyu Vocalist fb account
Photo Credit - Pann Ei Phyu Vocalist fb account

ဒီဗီဒီယိုလေးထဲမှာတော့ သားလေးက မအိပ်ခင်လေးမှာ မေမေကိုစကားပြန်ပြောနေတာလေးကို ချစ်မဝဖြစ်ပြီး ဗီဒီယိုလေးရိုက်ထားတာဖြစ်ပါတယ်။ ဒီဗီယိုလေးနဲ့လည်း မေမေပန်းအိဖြူ က "ခုဆို သားလေးက အိပ်ခါနီး မေမေပန်းအိနဲ့ စကားတွေပြောပြီးမှ အိပ်တယ်... သားလေး ဘာတွေပြောတာလဲတော့ မသိဘူး... ဒီမေမေကတော့ချစ်တာပဲ သိတယ်... " ဆိုပြီး ရေးသားထားပါတယ်။ ပရိသတ်တွေလည်း အဆိုတော်ပန်းအိဖြူ ရဲ့ သားအမိနှစ်ယောက်ကို သဘောကျချစ်ခင်မယ်လို့ မျော်လင့်မိပါတယ်။

Photo Credit - Pann Ei Phyu Vocalist fb account

Video Credit & Source - Pann Ei Phyu Vocalist fb account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။