ပရိသတ်ကြီးရေ မနဲ့မောင် စုံတွဲလေးဖြစ်တဲ့ သရုပ်ဆောင် ဘေဘီမောင်နဲ့ အဆိုတော် သားဂန်းတို့နှစ်ယောက်က နားလည်မှုအပြည့်နဲ့ Relationship တစ်ခုကို အချိန်အတော်ကြာ တည်ဆောက်ထားကြသူတွေပါ။ သူတို့နှစ်ယောက်က အနုပညာလမ်းကြောင်းထက်မှာ အောင်မြင်မှုတွေ ကိုယ်စီရရှိထားကြတာဖြစ်ပြီး ပရိသတ်အခိုင်အမာနဲ့ ရပ်တည်လျှောက်လှမ်းနေတဲ့ သူတွေပါ။

Photo credit - Baby Maung's Facebook Account
Photo credit - Baby Maung's Facebook Account

ချစ်သူသက်တမ်းအတော်ကြာပြီဖြစ်တဲ့ သူတို့စုံတွဲလေးက လူမှုကွန်ယက်ထက်မှာ Romantic ဆန်တဲ့ ပုံရိပ်လေးတွေကို တင်ပေးလေ့ရှိကြတာဖြစ်ပြီး လူငယ်ပရိသတ်တွေကလည်း အားကျအချစ်ပိုနေတာပါ။ ယနေ့မှာလည်း ဘေဘီက သူရဲ့ ဖေ့ဘွတ်အကောင့် Mydayမှာ ချစ်သူလေး သားဂန်းနဲ့ နှစ်ယောက်အတူ ကြည်နူးစရာ ပုံရိပ်လေးကို တင်ပေးလာပြန်ပါတယ်။

Photo credit - Baby Maung's Facebook Account

ဒါကတော့ ဘေဘီက သားဂန်းရဲ့ မျက်နှာလေးကို တစိမ့်စိမ့်ကြည့်ကာ အချစ်ပိုနေတဲ့ ပုံလေးပဲ ဖြစ်ပါတယ်။ အချိန်အတော်ကြာ လက်တွဲခိုင်မြဲနေကြတဲ့ ဘေဘီနဲ့ သားဂန်းတို့နှစ်ယောက်ရဲ့ ပုံလေးတွေကို ချစ်ပရိသတ်တွေ ကြည့်ရှု အချစ်ပိုစေရန်အတွက် ပြန်လည်ဝေမျှပေးလိုက်ပါတယ်နော် ။ ပရိသတ်တွေကလည်း ဘေဘီနဲ့ သားဂန်းတို့နှစ်ယောက်ရဲ့ ဆက်လက်လျှောက်လှမ်းမယ့် အနုပညာလှုပ်ရှားမှုတွေကို အားပေးလိုက်ကြပါဦးနော် .... ။

Photo credit - Baby Maung's Facebook Account
Photo credit - Baby Maung's Facebook Account

Source & Photo credit - Baby Maung's Facebook Account 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။