ဝါရင့်အဆိုတော်ချစ်ကောင်းရဲ့သားလေးဖြစ်တဲ့ ဂျူနီယာချစ်ကောင်းကတော့ ဖခင်ဖြစ်သူရဲ့ဂီတအမွေတွေကို ဆက်ခံခဲ့သူ ဖြစ်ပါတယ် ။ ပင်ကိုယ်အသံကောင်းသလို ပါရမီလည်းပါတဲ့ ဂျူနီယာချစ်ကောင်းက သီချင်းကောင်းလေးတွေကို ဖန်တီးသီဆိုနေတာပဲ ဖြစ်ပါတယ် ။ ဂျူနီယာချစ်ကောင်းကိုတော့ အစ်မဖြစ်တဲ့အိမ့်ချစ်ကလည်း အတူလက်တွဲခေါ်တာကြောင့် အခုဆိုရင် ပရိသတ်တွေရဲ့အားပေးမှုနဲ့အတူ နေရာတစ်နေရာရရှိပြီး အောင်မြင်နေပြီ ဖြစ်ပါတယ် ။

Photo Credit-Junior Chit Kaung's FB Acc
Photo Credit-Junior Chit Kaung's FB Acc

ဂျူနီယာချစ်ကောင်းက ကိုယ်ပိုင်စတိုင်လ်လေးနဲ့ အေးအေးဆေးဆေးနေတတ်သလို စိတ်ရင်းကောင်းသူတစ်ယောက်လည်း ဖြစ်ပါတယ် ။ အခုလည်း ဂျူနီယာချစ်ကောင်းက အပြင်သွားရင်း သူငှားစီးခဲ့တဲ့ Taxi ဆရာအဘကိုသနားပြီး အလှူငွေလေးကန်တော့ဖြစ်ခဲ့ကြောင်း မျှဝေထားတာ ဖြစ်ပါတယ် ။ ဂျူနီယာချစ်ကောင်းက "ဟိုတစ်နေ့က သူငယ်ချင်းတစ်ယောက်အိမ်မှာ ဆုံဖြစ်ကြတော့ ပစ္စည်းတစ်ခုလိုတာနဲ့ ကားလည်းမမောင်းချင်ကြတော့တာနဲ့ Taxi နဲ့သွားဝယ်မယ်ဆိုပြီးလုပ်ကြတာ...Taxi မောင်းတဲ့အဘကြီး....အသက်လည်းအရမ်းကြီးနေပြီ....ည(၈)လောက်ရှိပြီ အဘအခြေအနေဘယ်လိုရှိလဲဆိုတော့ တစ်ကြောင်းမှမလိုက်ရသေးပါဘူး တူလေးရာတဲ့ ဆီဖိုးလေးရရင်ကျေနပ်ပါတယ်တဲ့"

Photo Credit-Junior Chit Kaung's FB Acc
Photo Credit-Junior Chit Kaung's FB Acc
Photo Credit-Junior Chit Kaung's FB Acc

"တုန်တုန်ချိချိနဲ့မောင်းပြီး စိတ်ရှည်လက်ရှည်ပို့ရှာတယ်....ဘယ်လောက်ကျလဲအဘဆိုတော့ ဆရာအဆင်ပြေသလိုသာပေးပါတဲ့တော်တော်သနားသွားတယ် ပိုက်ဆံလေး လေးသောင်းကန်တော့ခဲ့တယ် ချမ်းသာနေလို့မဟုတ်ပါဘူးဗျာ ကိုယ့်ရှိတဲ့ထဲလေးကဝေမျှတာပေါ့ မလုပ်ပါနဲ့ဆရာဆိုတာကြီးပဲ အတင်းပေးရတယ် ကျွန်တော့်ကိုလက်အုပ်လေးပြန်ချီပြရှာတယ် တော်တော်ကိုသနားသွားတယ် ခက်ခဲတဲ့ကာလကြီးမှာ လူသားတိုင်းအဆင်ပြေကြပါစေ...တတ်နိုင်တဲ့ဘက်ကနေ ကိုယ်တတ်နိုင်သလောက်လေး ဆက်လက်ဝေမျှသွားပါဦးမယ်...အဘကြီးပုံတော့မထည့်တော့ပါဘူး လေးစားသောအားဖြင့်" ဆိုပြီး ဗီဒီယိုလေးနဲ့အတူ သူ့ရဲ့လူမှုကွန်ယက်စာမျက်နှာထက်မှာ တင်ထားတာပဲ ဖြစ်ပါတယ် ။

Source & Video Credit-Junior Chit Kaung's FB Page

Photo Credit-Junior Chit Kaung's FB Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။