ပရိသတ်ကြီးရေ.. အမိုက်စားသီချင်းစာသားလေးတွေနဲ့ လူငယ်အကြိုက်သီချင်းကောင်းလေးတွေ အမြဲဖန်တီသီဆိုတတ်လို့ ပရိသတ်တွေရဲ့တစ်ခဲနက်အားပေးချစ်ခင်မှုတွေကို ရရှိထားသူကတော့ အဆိုတော်နိုင်းဝမ်းပဲ ဖြစ်ပါတယ်နော်..။

အနုပညာလောကမှာ အောင်မြင်မှုတွေအခိုင်အမာနဲ့ ရပ်တည်လျှောက်လှမ်းနေတဲ့ နိုင်းဝမ်းကတော့ အခုဆိုရင် သူ့ရဲ့ချစ်သူ လေယာဉ်မယ်လေးနဲ့အတူ ရွှေလက်တွဲကာ မင်္ဂလာလက်မှတ်ရေးထိုးခဲ့ပြီးပါပြီနော်..။


Photo Credit - Kyaw Zin Lett's Fb Acc
Photo Credit - Kyaw Zin Lett's Fb Acc

ချစ်စရာကောင်းပြီး လိုက်ဖက်လွန်းကြတဲ့ သူတို့စုံတွဲလေးကတော့ နှစ်အတော်ကြာ လက်တွဲခဲ့ပြီးတဲ့နောက်ပိုင်းမှာတော့ ကြည်နူးစရာကောင်းတဲ့ အချိန်လေးတွေကို ဖြတ်သန်းနေကြပြီး မင်္ဂလာဦးအလှူလေးတွေလည်း ပြုလုပ်ခဲ့ကြပါတယ်နော်..။

မင်္ဂလာဦးအလှူလေးအဖြစ် မြဝတီမြို့ရှိ သစ်တံခါးဆရာတော်အရှင်သူမြတ် (၁၀၈)ရက် အဓိဌာန်ဝင်မည့် ကာလအတွင်း ခေတ္တသီတင်းသုံးမယ့် သာ့သာနာရိပ်သာ ကျောင်းဝင်းအတွင်းရှိ အဆောက်အဦးအတွက် အလှူငွေ(၁)သိန်းကို လှူဒါန်းခဲ့ကြတာ ဖြစ်ပါတယ်နော်..။


Photo Credit - Kyaw Zin Lett's Fb Acc
Photo Credit - Kyaw Zin Lett's Fb Acc

"ယနေ့ သစ်တံခါးဆရာတော်ကြီးရဲ့ ၁၀၈ရက်အဓိဌာန်အောင်ရက်မှာ ကျွန်တော်တို့နှစ်ယောက်ရဲ့ မင်္ဂလာဦးအကြိုအလှူအဖြစ် လှူဒါန်းဖြစ်ပါတယ်.." ဆိုပြီး အလှူလေးကို ဝေမျှထားတာပဲ ဖြစ်ပါတယ်နော်..။

အဲ့ဒီပို့စ်ရဲ့အောက်မှာတော့ ပရိသတ်တွေကလည်း ချစ်စရာကောင်းပြီး လိုက်ဖက်ညီကြတဲ့ သူတို့စုံတွဲလေးရဧ့ ကြည်နူးစရာအလှူလေးကိုလည်း သာဓုခေါ်ဆုတောင်းစကားလေးတွေလည်း ပြောထားကြပါတယ်နော်..။

Photo Credit - Kyaw Zin Lett's Fb Acc
Photo Credit - Kyaw Zin Lett's Fb Acc

Source & Photo Credit - Kyaw Zin Lett's Fb Acc & Chan Nyi Nyi's Fb Acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။