ဒီဖြစ်ရပ်လေးဟာ Brazil နိုင်ငံမှာဖြစ်ပွားခဲ့တဲ့ ဖြစ်ရပ်လေးတစ်ခု​ဖြစ်ပြီး ခွေးပိုင်ရှင်ရဲ့ နာမည်ကတော့ Vanda Souza ပဲဖြစ်ပါတယ်။

သူဟာ သူ့ရဲ့ခွေးလေးကို pet salon ကိုပို့ခဲ့စဥ် ခွေးလေးဟာ ဒီ​ဖြစ်ရပ်ဆိုးကြီးနဲ့ ကြုံခဲ့ရတာပဲ ဖြစ်ပါတယ်။

Photo credit - elitereaders

ဖြစ်ပုံကတော့ Vanda Souza ဟာ သူ့ရဲ့ခွေးလေးကို pet salon ပို့ပြီး ဆံပင်ညှပ်ပေးနေစဥ် ဝန်ထမ်းတွေရဲ့ မတော်တဆမှုတစ်ခုကြောင့် ခွေးလေးရဲ့လျှာဟာ အညှပ်ခံခဲ့ရတာပဲ ဖြစ်ပါတယ်။

ဒါ့ကြောင့် Vanda Souza ဟာတော်တော်လေးစိတ်မကောင်း ဖြစ်ကြောင်း လူမှုကွန်ယက်ပေါ်တင်ခဲ့ပေမယ့် သူသွားခဲ့တဲ့ pet salon နာမည်ကိုတော့ ဖော်ပြခဲ့ခြင်းမရှိပါဘူး။

Photo credit - elitereaders

ပုံတွေထဲမှာ မြင်ရတဲ့အတိုင်းဆိုရင်လည်း ခွေးလေးရဲ့လျှာဟာ တော်တော်လေးပြတ်သွားခဲ့ပြီး ခွေးလေးဟာ မငိုပေမယ့်လည်း မျက်လုံးထဲမှာ မျက်ရည်တွေဝိုင်းနေတာကို တွေ့ရပါတယ်။

အံကြိတ်တောင့်ခံထားပေမယ့်လည်း ခွေးလေးဘယ်လောက်တောင် နာကျင်နေလိုက်မလဲ မသိဘူးနော်ပရိသတ်ကြီး.....

Source - elitereaders

Photo credit - elitereaders

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။