လက်ရှိ Team Aster ရဲ့ po 4 player BoBoKa ရဲ့နာမည်အရင်းကတော့ Ye Zhibiao ဖြစ်ပြီး သူဟာ တရုတ်နိုင်ငံသားတစ်ဦးပဲဖြစ်ပါတယ်။

Birth date ကတော့ 1997 ခုနှစ် 1 လပိုင်း 6 ရက်နေ့ဖြစ်တာကြောင့် BoBoKa ဟာ အခုဆိုရင် အသက် 22 နှစ်အရွယ်ရှိနေပြီပဲဖြစ်ပါတယ်။

သူ့ရဲ့ signature hero တွေကတော့ Earth Spirit , riki နဲ့ Monkey King တို့ဖြစ်ပြီး total earnings အနေနဲ့ကတော့ $464,295 ရှိနေပြီပဲဖြစ်ပါတယ်။

သူ dota 2 pro ကစားသမားဖြစ်လာတာကတော့ 2015 ခုနှစ်လောက်ထဲကဖြစ်ပြီး TongFu.WanZhou အသင်းမှာ စတင်ကစားခဲ့တာပဲဖြစ်ပါတယ်။

2015 ခုနှစ် 8 လပိုင်း 14 ရက်နေ့မှာတော့ BoBoKa ဟာ Team DK ကိုပြောင်းရွှေ့ခဲ့ပေမယ့် 2015 ခုနှစ် 10 လပိုင်း 7 ရက်နေ့မှာ DK Scuderia မှာပြောင်းရွှေ့ကစားခဲ့ပါတယ်။

၎င်းအသင်းမှာတော့ BoBoKa ဟာ တလကျော်ကျော်လေးပဲ ကစားခဲ့ပြီးနောက် 2015 ခုနှစ် 12 လပိုင်းမှာ IG.Vitality ကိုပြောင်းရွှေ့ခဲ့ပါတယ်။

၎င်းအသင်းမှာကစားနေရင်းနဲ့ 2016 ခုနှစ် 3 လပိုင်းအရောက်မှာတော့ BoBoKa ဟာ Invictus Gaming ကိုပြောင်းရွှေ့ကစားခဲ့ပါတယ်။

IG မှာတော့ BoBoKa ဟာ 2 နှစ်ကျော်ကျော်လောက်ကစားပြီးနောက် 2018 ခုနှစ် 9 လပိုင်း မှာ IG ရဲ့လမ်းခွဲပြီး Team Aster ကိုပြောင်းရွှေ့လာခဲ့သလို ယနေ့ထက်ထိ Team Aster မှာကစားနေဆဲပဲဖြစ်ပါတယ်။

source - Liquipedia

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။