ဗီလိန်ဇာတ်ရုပ်ကို ပီပြင်စွာ စတင် သရုပ်ဆောင်ရင်း ပရိသတ်အားပေးမှုကို တစ်ခဲနက်ရရှိထားတဲ့ သူလေးကတော့ တက်သစ်စ သရုပ်ဆောင် မင်းသမီးချောလေး သံသာမိုးသိမ့်ပဲ ဖြစ်ပါတယ်။ သူမက MRTV -4မှာ ထုတ်လွှင့်ပြသတဲ့ " ကျွန်မက မဟေသီ " ဆိုတဲ့ ဇာတ်လမ်းတွဲလေးထဲမှာ မိန်းမချောဆိုတဲ့ ကာရိုက်တာလေးနဲ့ လူသိများခဲ့ပြီး နောက်ပိုင်းမှာလည်း အနုပညာလှုပ်ရှားမှုတွေ ဆက်တိုက်လုပ်ဆောင်နေတဲ့ သူပါနော်....။

Photo credit - Than Thar Moe Thein's Facebook Page
Photo credit - Than Thar Moe Thein's Facebook Page

လက်ရှိမှာ သံသာက အနုပညာလှုပ်ရှားမှုအနေနဲ့ သီချင်း MVလေးတွေအပြင် ကြော်ငြာတွေနဲ့ Photo shooting တွေကို လက်ခံရိုက်ကူးနေတာတွေ့ရပါတယ်။ Stay home ကာလဖြစ်တာကြောင့် အနုပညာအလုပ် အားလပ်ချိန်တွေမှာတော့ အိမ်မှာနေရင်း ပရိသတ်တွေ အလွမ်းပြေ ကြည့်ရှုဖို့အတွက် အမိုက်စားပုံရိပ်လေးတွေကိုလည်း လူမှုကွန်ယက်ထက်မှာ ဝေမျှလေ့ရှိသူပါ။ 

Photo credit - Than Thar Moe Thein's Facebook Page
Photo credit - Than Thar Moe Thein's Facebook Page

ယနေ့မှာတော့ သံသာက လုံလုံခြုံခြုံဖက်ရှင်လေးနဲ့ ကြည့်မိသူတိုင်း အကြိုက်တွေ့စေလောက်အောင် ပိုစ့်ပေး ဓာတ်ဖမ်းထားတဲ့ ပုံတွေကို တင်ပေးလာပြန်ပါတယ်။ ပုံလေးတွေတိုင်းက ပြစ်ချက်မရှိ လှရက်လွန်းနေတာကြောင့် ချစ်ပရိသတ်တွေ ကြည့်ရှုစေဖို့အတွက် ပြန်လည်တင်ဆက်ပေးလိုက်ပါရစေနော် ။ ကဲ...သံသာရဲ့ ပုံလေးတွေကို ကြည့်ပြီး ပရိသတ်တွေက အသည်းလေးတွေပေးခဲ့ဖို့ မမေ့လိုက်ပါနဲ့နော်....။

Photo credit - Than Thar Moe Thein's Facebook Page
Photo credit - Than Thar Moe Thein's Facebook Page

Source & Photo credit - Than Thar Moe Thein's Facebook Page 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။