ပရိသတ်ကြီးရေ နှုတ်ခမ်းနီလေးတွေရဲ့ အသည်းစွဲအားပေးချစ်ခင်ရတဲ့ သူတွေကတော့မြန်မာနိုင်ငံရဲ့ နာမည်ကျော် Dancer Group ဖြစ်တဲ့ Project K အဖွဲ့ကို သိကြမယ်ထင်ပါတယ်။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်က အသိအမှတ်ဂုဏ်ပြုထားတဲ့ Dancer Group ပဲဖြစ်ပါတယ်။ သူတို့အဖွဲ့လေးကတော့ အဖွဲ့ဝင်(၇)ယောက်နဲ့ လူငယ်ချောချောလေးတွေပဲ ဖွဲ့စည်းထားတာဖြစ်ပါတယ်။

Photo Credit - Project K fb page
Photo Credit - Project K fb page
Photo Credit - Project K fb page

လက်ရှိမှာတော့ Project K အဖွဲ့ဟာ မြန်မာပရိသတ်တွေကြား ရေပန်းစားနေတဲ့ နာမည်ကျော် Dancer အဖွဲ့တစ်ခုဖြစ်ပြီး နေရာတစ်နေရာကို ရပ်တည်ထားနိုင်ခဲ့ပြီလည်း ဖြစ်ပါတယ်။ ဒါ့အပြင် သူတို့အဖွဲ့လေးက ပြည့်ပနိုင်ငံတွေမှာတောင် မြန်မာကိုယ်စားပြု အနေနဲ့ သွားရောက် ဖျော်ဖြေပေးကိုလည်း တွေ့ရပါတယ်။ မကြာသေးမှီ လပိုင်းလောက်ကလည်း ကိုရီးယားနိုင်ငံမှာ ကျင်းပပြုလုပ်ခဲ့တဲ့ ဖျော်ဖြေရေးပွဲမှာလည်း သွားရောက်ကပြဖျော်ဖြေခဲ့တာဖြစ်ပါတယ်။

Photo Credit - Project K fb page
Photo Credit - Project K fb page
Photo Credit - Project K fb page

ယခုမှာတော့ Project K အဖွဲ့က ကိုရီးယားနိုင်ငံမှာရောက်ရှိခဲ့စဥ်က အမှတ်တရပုံလေးတွေကို ဖော်ပြလာခဲ့ပါတယ်။ ဒီပုံလေးတွေထဲမှာတော့ အဖွဲ့ဝင် (၇)ယောက်လုံး ကိုရီးယားရိုးရာဝတ်စုံလေးတွေ ကိုယ်စီဝတ်ဆင်ပြီး နှုတ်ခမ်းနီမလေးတွေ အသည်းယားလောက်အောင် ပို့ပေးနေတာ ဖြစ်ပါတယ်။ ကဲ...ပရိသတ်ကြီးရေ Project K အဖွဲ့သားတွေရဲ့ အမှတ်တရပုံရိပ်လေးတွေကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Photo Credit - Project K fb page
Photo Credit - Project K fb page

Photo Credit - Project K fb page

Source - Project K fb page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။