မင်းသမီးချောလေး ထက်ထက်ထွန်းကတော့ Model ၊အလှမယ်တစ်ဦးအဖြစ် စတင်အောင်မြင်လာခဲ့တာ ဖြစ်ပါတယ် ။ တစ်ချိန်က သရဖူဆောင်းခဲ့တဲ့ ထက်ထက်ထွန်းက အလှမယ်တစ်ဦးရဲ့အင်္ဂါရပ်တွေနဲ့ အားလုံးပြီးပြည့်စုံနေတဲ့သူဆိုရင်လည်း မမှားပါဘူးနော် ။ ထက်ထက်ထွန်းက ရုပ်ရည်လေးက ချောမောလှပရုံသာမက ခန္ဓာကိုယ်အချိုးအစားကလည်း သွယ်လျလှပပြီး ကြွေချင်စရာကောင်းနေတာ ဖြစ်ပါတယ် ။ 

Photo Credit : Htet Htet Htun's Facebook Acc
Photo Credit : Htet Htet Htun's Facebook Acc
Photo Credit : Htet Htet Htun's Facebook Page

ထက်ထက်ထွန်းကိုတော့ ယောက်ျားလေးပရိသတ်တွေရော မိန်းကလေးပရိသတ်တွေပါ အပြတ်အသတ်ဝန်းရံပြီး အားပေးနေကြတာ ဖြစ်ပါတယ် ။ ထက်ထက်ထွန်းက သရုပ်ဆောင်အဖြစ်ဇာတ်ကားတွေ ရိုက်ကူးခဲ့သလို Presenter အဖြစ်လည်း ပွဲအခမ်းအနားတွေမှာ ပါဝင်ဆောင်ရွက်နေရတာ ဖြစ်ပါတယ် ။ ထက်ထက်ထွန်းက Tik Tok ကစားရတာကို ကြိုက်နှစ်သက်သူဖြစ်ပြီး ပရိသတ်တွေအတွက် အမိုက်စားဗီဒီယိုလေးတွေကို တင်ဆက်ပေးတတ်တာ ဖြစ်ပါတယ် ။

Photo Credit : Htet Htet Htun's Facebook Acc
Photo Credit : Htet Htet Htun's Facebook Acc

အခုလည်း ထက်ထက်ထွန်းက Car Showroom ထဲမှာ အပျော်တမ်း Tik Tok Video လေးတစ်ခုကို ရိုက်ကူးခဲ့တာပဲဖြစ်ပါတယ်။ ထက်ထက်ထွန်းက အလုပ်လုပ်နေတဲ့သူငယ်ချင်းတွေရဲ့ဘေးမှာ ရုပ်တည်ကြီးနဲ့မတ်တပ်ရပ်ပြီး ကိုယ်လုံးလေးကိုလှုပ်ကာ ကပြလိုက်တာပဲ ဖြစ်ပါတယ် ။ ကြိုးစားပမ်းစား ကနေတဲ့ ထက်ထက်ထွန်းတစ်ယောက် နောက်ဆုံးမှာတော့ အလွဲလေးတွေဖြစ်ပြီး ခွီခဲ့ရတာ ဖြစ်ပါတယ် ။ ကဲ ချစ်ပရိသတ်တွေအတွက် မင်းသမီးချောလေး ထက်ထက်ထွန်းရဲ့Tik Tok Video လေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source & Video Credit-Htet Htet Htun's Tik Tok acc

Photo Credit : Htet Htet Htun's Facebook Acc
Photo Credit : Htet Htet Htun's Facebook Acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။