ပရိသတ်ကြီးရေ.. အနုပညာလောကမှာ နေတိုးလို့ဆိုလိုက်တဲ့ ပီပြင်လွန်းတဲ့ ကာရိုက်တာတွေနဲ့ သဘာဝကျတဲ့သရုပ်ဖော်မှုတွေကို အထင်းသားမြင်တွေ့ရတဲ့ စွယ်စုံရမင်းသားချောတစ်ဦးကို ပရိသတ်တွေ မြင်ယောင်မိကြမှာပါနော်..။

ဆယ်စုနှစ်တွေကတည်းက ယနေ့အချိန်ထိ အောင်မြင်မှုတွေကို အခိုင်အမာရရှိထိန်းသိမ်းထားနိုင်ပြီး အနေအေးဆေးပြီး တည်ငြိမ်တဲ့ဟန်ပန်ပုံရိပ်လေးတွေကြောင့်လည်း မိန်းကလေးပရိသတ်တွေက ရေပန်းစားနေတာလည်း ဖြစ်ပါတယ်နော်..။


Photo Credit – Nay Toe’s Fb Page
Photo Credit – Nay Toe’s Fb Page
Photo Credit – Nay Toe’s Fb Page

နေတိုးကတော့ သူမရဲ့အနုပညာလှုပ်ရှားမှုတွေကို အမြဲမျှဝေတတ်သလို အခုတစ်ခါမှာလည်း ဥရောပနိုင်ငံတွေကို ခရီးသွားခဲ့တဲ့ အမှတ်တရပုံရိပ်လေးတွေကိုလည်း ချစ်ပရိသတ်တွေကို ဝေမျှကာ အလွမ်းပြေစေပြန်ပါတယ်နော်..။

ဂျာမနီအပါအဝင် ဥရောပနိုင်ငံတွေကို သွားရောက်ခဲ့တဲ့ စတိတ်စင်နောက်ကွယ်က ဖြစ်ရပ်လေးတွေအပြင် လျှောက်လည်အပန်းဖြေခဲ့တဲ့ အမှတ်တရလေးတွေကို ချစ်ပရိသတ်တွေအားလုံးကို ဝေမျှထားတာပဲ ဖြစ်ပါတယ်နော်..။


Photo Credit – Nay Toe’s Fb Page
Photo Credit – Nay Toe’s Fb Page
Photo Credit – Nay Toe’s Fb Page

“ဂျာမနီ အပါအဝင် ဥရောပနိုင်ငံများသို့ နှင်းဆီနှင့်အတူခရီးသွားခြင်း နှင့် (စတိတ်စင်နောက်ကွယ်မှဖြစ်ရပ်များ)

အပိုင်း(၄) ကိုမနက်ဖြန်ည 7pm မှာ YouTube Channelမှာ တင်ပေးသွားပါမယ်ခင်ဗျာ ..

ပရိသတ်များခဏတာ စိတ်အပန်းပြေစေဖို့နဲ့ ကျွန်တော်တို့နဲ့ အတူတူခရီးသွားခဲ့ရသလို ခံစားမှုမျိုးကို ရရှိစေဖို့ ရည်ရွယ်ပါတယ်ခင်ဗျာ..

နွေးထွေးမှုများစွာဖြင့်.....နေတိုး..” ဆိုပြီး သူ့ရဲ့ အမှတ်တရလေးတွေကို ပရိသတ်တွေကို ဝေမျှထားတာပဲ ဖြစ်ပါတယ်နော်..။

အဲ့ဒီပို့စ်ရဲ့အောက်မှာတော့ ပရိသတ်တွေကလည်း အမှတ်တရလေးတွေနဲ့အတူ ပျော်စရာလည်းကောင်းတဲ့ နေတိုးတို့ရဲ့ ပုံရိပ်လေးတွေကို အားပေးရင်း ချစ်ခင်ကြတဲ့အကြောင်းလေးတွေကို မှတ်ချက်ပေး ပြောပြထားတာ ဖြစ်ပါတယ်နော်..။


Photo Credit – Nay Toe’s Fb Page
Photo Credit – Nay Toe’s Fb Page
Photo Credit – Nay Toe’s Fb Page

Source & Photo Credit – Nay Toe’s Fb Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။