ပြည်သူချစ်မင်းသားချောလေးတစ်ယောက်ဖြစ်တဲ့ နေဒွေးကတော့ အနုပညာအလုပ်တွေကိုလည်း ဖြည်းဖြည်းမှန်မှန်လုပ်ဆောင်နေတာဖြစ်ပါတယ်။နေဒွေးက သူ့ရဲ့မိခင်ကိုလည်း လိုလေသေးမရှိအောင် ထားပေးပြီး သားအမိနှစ်ယောက် ပျော်ပျော်ရွှင်ရွှင် နေထိုင်နေတာဖြစ်ပါတယ်နော်။နေဒွေးရဲ့မိခင်က အေးအေးဆေးဆေးနေတတ်ပြီး သားလေးရဲ့ရှုတင်တွေဆိုလည်း လိုက်သွားပေးတာဖြစ်ပါတယ်။

Photo Credit:Nay Dway's Facebook Account
Photo Credit:Nay Dway's Facebook Account

နေဒွေးကလည်း ခရီးတွေသွားတိုင်းမှာ မိခင်ကိုပါခေါ်လေ့ရှိပြီး နေရာအနှံ့ကိုလျှောက်လည်ကြတာဖြစ်ပါတယ်။နေဒွေးကတော့ လက်ရှိအချိန်မှာဆိုရင် ကိုဗစ်ကာလဖြစ်တာကြောင့် အနုပညာအလုပ်တွေရပ်နားထားရပြီး ကိုယ်ပိုင်စီးပွားရေးလေးကိုသာ လုပ်ဆောင်နေတာဖြစ်ပါတယ်။နေဒွေးတို့သားအမိနှစ်ယောက်ရဲ့ဆန်ဆိုင်ကလည်း တစ်နေ့ထက်တစ်နေ့ပိုပြီး ရောင်းအားတက်လာတာဖြစ်ပါတယ်နော်။

Photo Credit:Nay Dway's Facebook Account
Photo Credit:Nay Dway's Facebook Account

အခုဆိုရင်တော့ နေဒွေးက ဆန်ဆိုင်ကို ကိုယ်တိုင်ဦးစီးနေပြီး သူတို့ရဲ့ဆန်တွေကလည်း အရည်အသွေးပြည့်မှီတာကြောင့် အားပေးဝယ်ယူကြတဲ့သူတွေများပါတယ်နော်။နေဒွေးက "ရိုးသားပါ၊ကြိုးစားပါ၊ကိုယ့်အလုပ်ကိုတန်ဖိုးထား၊စေတနာထားပါ၊မှန်မှန်ကန်ကန်ရောင်းပါ"ဆိုပြီး ရေးသားထားတာဖြစ်ပါတယ်။ဒီနေ့မှာလည်း ဆန်တွေအများကြီးရောင်းရတာကြောင့် ပိုက်ဆံတွေအထပ်လိုက်ဝင်နေတဲ့ပုံရိပ်လေးကို ပရိသတ်တွေအတွက် မျှဝေလာခဲ့တာဖြစ်ပါတယ်နော်။

Photo Credit:Nay Dway's Facebook Account
Photo Credit:Nay Dway's Facebook Account

Source&Photo Credit:Nay Dway's Facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။