ပရိသတ်ကြီးရေ မင်းသမီးချောလေး ရွှေအိမ်စည်ကတော့ အလှမယ်တစ်ယောက်အဖြစ် အနုပညာလောကထဲကိုစတင်ဝင်ရောက်လာခဲ့ပြီး နောက်ပိုင်းမှာတော့ ရုပ်ရှင်ဇာတ်ကားကြီးအများအပြားမှာ ပါဝင်သရုပ်ဆောင်လာတာဖြစ်ပါတယ်။ ရွှေအိမ်စည်က လက်ရှိမှာဆိုရင် အောင်မြင်မှုတွေနဲ့အတူ ပရိသတ်တွေရဲ့မေတ္တာကိုခံယူထားတဲ့ ပြည်သူချစ်အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်နော်။

Photo credit - Shwe Eain Si's Facebook Account

ရွှေအိမ်စည်က လတ်တလောမှာတော့ အနုပညာအလုပ်တွေကိုလည်း ဖြည်းဖြည်းမှန်မှန်လုပ်ဆောင်နေပြီး photo shooting တွေကို ရိုက်ကူးနေတာပါ။ ရွှေအိမ်စည်ကလူငယ်ပီပီ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုအပြည့်ထားရှိပြီး ကိုယ့်အားကိုယ်ကိုးကာ ကြိုးစားတဲ့သူတစ်ယောက်ပဲ ဖြစ်ပါတယ်။ ရွှေအိမ်စည်ရဲ့အလှအပတွေဟာဆိုရင်လည်း အလှမယ်တစ်ယောက်မှာ ရှိသင့်တဲ့ အဆင်းနဲ့အချင်းပြည့်စုံတယ်ဆိုတာ ထင်ရှားပါတယ်နော်။ 

Photo credit - Shwe Eain Si's Facebook Account

သူမရဲ့ အလှအပတွေကို ပရိသတ်တွေကို အမြဲ ချပြလေ့ရှိတဲ့ အိမ်စည်ဟာဆိုရင် ယနေ့မှာလည်း ပိုစ့်တစ်ခု တင်ပေးလာပြန်ပါတယ်။ ဒါကတော့ အိမ်စည်က ဝိုင်ခွက်လေးကို ကိုင်ကာ " Have a glass of wine with me? I’ll guarantee you all the fun " ဆိုတဲ့ စာသားလေးအပြင် မခို့ တရို့ အပြုံးလေးတွေနဲ့ ရှက်သွေးဖြာနေတဲ့ ပုံအလန်းလေးတွေကို တင်ပေးလာတာကြောင့် ပြန်လည်ဝေမျှပေးလိုက်ပါတယ်နော်....။

Photo credit - Shwe Eain Si's Facebook Account
Photo credit - Shwe Eain Si's Facebook Account

Source & Photo credit - Shwe Eain Si's Facebook Account 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။