မော်လ်ဒယ်တစ်ယောက်အနေနဲ့ လျှောက်လှမ်းလာခဲ့ပြီး နောက်ပိုင်း သရုပ်ဆောင်နယ်ပယ်ထဲမှာ ယုံကြည်မှုရှိရှိ ရပ်တည်လာခဲ့တဲ့ သူကတော့ မင်းသမီးချောလေး အေးမြတ်သူပဲဖြစ်ပါတယ်။သူမရဲ့ ကြိုးစားအားထုတ်မှုတွေကြောင့်လည်း အကယ်ဒမီဆုကို ထိုက်ထိုက်တန်တန် ရရှိခဲ့တဲ့ လေးစားစရာ အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။ လက်ရှိမှာတော့ အေးမြတ်သူဟာ အနုပညာလောကမှာ ပရိသတ်တွေအားပေးချစ်ခင်မှုတွေကို ရယူသိမ်းပိုက်ရယူနိုင်ခဲ့ပြီလည်း ဖြစ်ပါတယ်။

Photo Credit - Tayza Win Tayza Win
Photo Credit - Tayza Win Tayza Win
Photo Credit - Tayza Win Tayza Win

အေးမြတ်သူက ယနေ့အချိန်ထိနုပျိုနေဆဲဖြစ်ပြီးဆွဲဆောင်မှုရှိတဲ့ ပင်ကိုယ်အလှတရားတွေကို ပိုင်ဆိုင်ထားကာ ချောမောလှပနေသူပဲဖြစ်ပါတယ်။ ဒါ့အပြင် အပန်းဖြေခရီးတွေ အမြဲတမ်းထွက်လေ့ရှိပြီး သူရောက်ခဲ့တဲ့ နေရာတိုင်းမှာ အမှတ်တရ ပုံလေးတွေ ရိုက်ကူးပြီး အမြဲဖော်ပြပေးပါတယ်။ ယခုမှာလည်း အေးမြတ်သူက အရင်ရှမ်းပြည်နယ်ကို ခရီးသွားခဲ့စဥ်တုန်းက ချစ်ရာကောင်းတဲ့ အမှတ်တရပုံလေးတွေကို တင်ပေးလာခဲ့ပါတယ်။

Photo Credit - Tayza Win Tayza Win
Photo Credit - Tayza Win Tayza Win
Photo Credit - Tayza Win Tayza Win

ဒီပုံလေးတွေနဲ့ လည်း အေးမြတ်သူက " ဘယ်အချိန် မှ မြန်မာပြည်ကြီးထဲ ..လျှောက်သွား ရမှာလည်း.... ဒီအချိန် ဆို မြန်မာပြည်ကြီးရဲ့ ...ဘယ်နေရာ ဖြစ်ဖြစ် ...အရမ်းတွေ လှပနေပြီ......မြန်မာပြည်ကြီး အမြန်ဆုံးကျန်းမာအောင် ....ချစ်ရတဲ့သူတွေ ..အတက်နိုင်ဆုံး အိမ်ထဲမှာ နေကြပါနော်....." ဆိုပြီး ရေးသားထားပါတယ်။ ပရိသတ်တွေလည်း အေးမြတ်သူရဲ့ ခရီးသွားခဲ့တုန်းက အမှတ်တရလေးတွေကို သဘောကျစေမယ်လို့ မျှော်လင့်မိပါတယ်။

Photo Credit - Tayza Win Tayza Win
Photo Credit - Tayza Win Tayza Win
Photo Credit - Tayza Win Tayza Win

Photo Credit - Tayza Win Tayza Win

Source - Aye Myat Thu fb account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။