ပရိသတ်ကြီးရေ သရုပ်ဆောင် ဆောင်းယွန်းစံကတော့ အနုပညာလောကထဲမှာ ထွန်းတောက်နေတဲ့ ကြယ်တစ်ပွင့်ပါနော်။ အကယ်ဒမီ ရွှေကြိုမယ်အဖြစ် အနုပညာလမ်းကြောင်းထက်ကို စတင်ဝင်ရောက်လာခဲ့တဲ့ သူမက ယခုဆိုရင် နေရာတစ်ခုကို အခိုင်အမာရရှိထားပြီး ပရိသတ်အားပေးမှု တစ်ခဲနက်ရရှိထားသူပါ။ လက်ရှိမှာလည်း ဆောင်းယွန်းက ကြော်ငြာတွေကို လက်ခံရိုက်ကူးနေတာ တွေ့ရပါတယ်။

Photo credit - Saung Yoon San's Facebook Account
Photo credit - Saung Yoon San's Facebook Account

အနုပညာအလုပ်တွေအပြင် ပရဟိတလုပ်ငန်းတွေမှာလည်း အားတက်သရော လုပ်ကိုင်တတ်တဲ့ သူမက လူကြီး လူငယ်မရွေး ပရိသတ်တွေရဲ့ အချစ်ကို များစွာ ပိုင်ဆိုင်ထားတာပါ။ အားလပ်ချိန်လေးတွေမှာလည်း အပန်းဖြေခရီးအဖြစ် ပြည်တွင်းခရီးစဥ်တွေကို သွားရောက် လည်ပတ်လေ့ရှိတဲ့ သူမက ယနေ့မှာလည်း ဘားအံကို ရောက်ရှိနေတာပဲ ဖြစ်ပါတယ်။

Photo credit - Saung Yoon San's Facebook Account

အမြဲ လှုပ်ရှားမှုလေးတွေကို လူမှုကွန်ယက်ထက်မှာ ဝေမျှလေ့ရှိတဲ့ သူမက ယခုလည်း ရောက်ရှိနေတဲ့ ခရီးစဥ်မှာ အသည်းယားစရာဟန်ပန်လေးနဲ့ ဆော့ကစားထားတဲ့ Tiktok ဗီဒီယိုလေးကို တင်ပေးလာပါတယ်။ တီးလုံးလေးနဲ့ လိုက်ဖက်အောင် ဆော့ကစားထားတဲ့ ဆောင်းယွန်းတဲ့ ဗီဒီယိုလေးက ကြည့်မိသူတွေရဲ့ ရင်ကို ထိမှန်စေမှာ အသေအချာပဲ ဖြစ်လို့ ပြန်လည်တင်ဆက်ပေးလိုက်ပါရစေနော်..... ။

Photo credit - Saung Yoon San's Facebook Account
Photo credit - Saung Yoon San's Facebook Account

Photo credit - Saung Yoon San's Facebook Account 

Source  - Saung Yoon San's Facebook Account 

@saungyoonsan

ဘယ်မှာလဲ သိလား.?.?##saungyoonsan ##fyp ##tiktok

原聲 - TTnbpuls

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။