မင်းသမီးချောလေး ဝတ်မှုန်ရွှေရည်ကတော့ မြန်မာနိုင်ငံရဲ့ ထိပ်တန်းစာရင်းဝင်တဲ့ သရုပ်ဆောင်မင်းသမီးတစ်ဦးပဲ ဖြစ်ပါတယ်။ အကယ်ဒမီရွှေစင်ဆုတွေကိုလည်း သိမ်းပိုက်ရရှိထားတဲ့ ရွှေကစ်က သရုပ်ဆောင်ပိုင်းမှာ သူမတူအောင် ထိမိလွန်းတဲ့ သရုပ်ဆောင်ပီပြင်မှုတွေကြောင့် အားလုံးကဝိုင်းချစ်ကြပြီး အားမပေးသူမရှိလောက်အောင် ရေပန်းစားကျော်ကြားနေသူ ဖြစ်ပါတယ်။

Photo Credit : Wutt Mhone Shwe Yi Instagram Account
Photo Credit : Wutt Mhone Shwe Yi Instagram Account

ကစ်ကတော့ ရုပ်ရှင်ကားကြီးတွေကို အဓိကရိုက်ကူးနေတာ တွေ့ရပြီး ပွဲအခမ်းအနားတွေလည်း တက်ရောက်ကာ ပွဲတက် အမှတ်တရပုံရိပ်တွေကိုလည်း သူမရဲ့ ဖေ့ဘွတ်စာမျက်နှာပေါ်တွင်ဖော်ပြခဲ့တာတွေ့ရပါတယ်။လတ်တလောမှာတော့ PPE ဝတ်စုံဝတ်ထားသူရဲ့ကိုယ်ပေါ်မှာ သူမရဲ့နာမည်လေးနဲ့ဆင်တူတူနေတဲ့ ဆရာမလေးကြောင့် အံ့ဩခဲ့ရပုံလေးကို သူမရဲ့အကောင့်မှာဖော်ပြထားတာတွေ့ရပါတယ်။

Photo Credit : Wutt Mhone Shwe Yi Instagram Account
Photo Credit : Wutt Mhone Shwe Yi Instagram Account

ပုံလေးကြည့်ပြီး ကိုယ်ပါအံ့ဩမိတာအမှန်ပါပဲနော် ။ ပရိသတ်အားလုံးကတော့ ရွှေကစ်ကို ဖက်ရှင်နဲ့ အလှအပရေးရာမှာ ဘုရင်မတစ်ပါးလို့ တင်စားခေါ်ဝေါ်နေကြတာ ဖြစ်ပါတယ်။ မြင်သူတိုင်းရင်ထဲ အေးသွားစေမယ့် ကစ်ရဲ့အလှကတော့ အမြဲလိုလို ပရိသတ်တွေရဲ့အချစ်ကို ထပ်မံသိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက်ရွှေကစ်ရဲ့ မိုင်ဒေးကပုံလေးကို တင်ဆက်ပေးလိုက်ပါတယ်နော်။

Photo Credit : Wutt Mhone Shwe Yi Instagram Account
Photo Credit : Wutt Mhone Shwe Yi Instagram Account

Source & Photo Credit : Wutt Mhone Shwe Yi Instagram Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။