ပရိသတ်ကြီးရေ သရုပ်ဆောင် အဆိုတော် စန္ဒီမြင့်လွင်ကတော့ သာယာပျော်ရွှင်တဲ့ မိသားစုဘဝလေးကို တည်ဆောက်ထားနိုင်တဲ့ အနုပညာရှင်တစ်ယောက်ပါနော်။ သူမက အိမ်ထောင်ပြုပြီးနောက်ပိုင်းမှာ အနုပညာလှုပ်ရှားမှုတွေ နည်းပါးခဲ့ပေမယ့် ပရိသတ်အားပေးမှုကတော့ ဆက်တိုက်ရရှိနေဆဲပါ။ သူမကလည်း ကြော်ငြာလေးတွေကို လက်ခံရိုက်ကူးပေးလေ့ရှိတာကို တွေ့ရပါတယ်။

Photo credit - Khin Lin Htin - Treasure 's Fb page
Photo credit - Khin Lin Htin - Treasure 's Fb page
Photo credit - Khin Lin Htin - Treasure 's Fb page

စန္ဒီမြင့်လွင်က သူ့အပေါ်အလိုလိုက်ပြီး ချစ်ခင် ဂရုစိုက်ပေးတဲ့ ခင်ပွန်းကောင်းကို ရရှိထားပြီး ဘဝကို အေးချမ်းပျော်ရွှင်စွာ ဖြတ်သန်းနေတာပါ။ ဒါ့အပြင် သူမရဲ့ ဘဝလေးထဲကို ဝင်ရောက်လာခဲ့တဲ့ သမီးလေး Treasure လေးကလည်း ပါးဖောင်းဖောင်းလေးတွေနဲ့ အသည်းယားစရာကောင်းသူလေးမို့ ဖေဖေ မေမေတို့ရဲ့ အသည်းကျော်လေးဖြစ်ရုံသာမကပဲ ပရိသတ်တွေကပါ အားပေးနေတာလည်း ဖြစ်ပါတယ်။

Photo credit - Khin Lin Htin - Treasure 's Fb page
Photo credit - Khin Lin Htin - Treasure 's Fb page

သမီးလေးက အသက်၁နှစ်ကျော်အရွယ်ရှိပြီဖြစ်ပြီး အရွယ်နဲ့မလိုက်အောင် တက်လွန်းတဲ့ Treasure လေးရဲ့ လှုပ်ရှားမှုလေးတွေကို မေမေက အမြဲဆိုသလို လူမှုကွန်ယက်ထက်မှာ မျှဝေလေ့ရှိတာဖြစ်ပြီး ယနေ့မှာလည်း မိသားစုစုံစုံလင်လင်နဲ့ ညနေစောင်းလေးမှာ ကားပတ်စီးနေတဲ့ ပုံလေးတွေကို တင်ပေးလာတာပါ။ ဓာတ်ပုံရိုက်ပေးနေတဲ့ မေမေ စန္ဒီမြင့်လွင်ဆီ မသွားရလို့ နှုတ်ခမ်းလေးဆူကာ စိတ်ကောက်နေတဲ့ Treasure လေးရဲ့ ပုံလေးတွေကို ပရိသတ်တွေဆီ ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်။

Photo credit - Khin Lin Htin - Treasure 's Fb page
Photo credit - Khin Lin Htin - Treasure 's Fb page
Photo credit - Khin Lin Htin - Treasure 's Fb page

Source & Photo credit - Khin Lin Htin - Treasure 's Fb page 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။