မင်းသားချောလေး နေဒွေးကတော့ ယောက်ျားပီသပြီး ချောမောခန့်ညားတဲ့ရုပ်ရည်မျိုးကို ပိုင်ဆိုင်ထားတဲ့ ကိုလူချောလေးတစ်ယောက်ပါပဲနော်။ ဒါကြောင့်လည်း မိန်းကလေးပရိသတ်တွေတော်တော်များများက နေဒွေးကို သည်းသည်လှုပ်ဝန်းရံပြီး အပြတ်အသတ်အားပေးနေကြတာ ဖြစ်ပါတယ် ။ နေဒွေးကတော့ သူ့ကိုချစ်တဲ့ပရိသတ်တွေအပေါ်မှာ ရင်းရင်းနှီးနှီးဆက်ဆံပြီး အလေးထားတတ်တာလည်း ဖြစ်ပါတယ် ။

Photo Credit-Nay Dway's Fb Acc
Photo Credit-Nay Dway's Fb Acc

နေဒွေးက ဗီဒီယိုနဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေ အမြောက်အမြားရိုက်ကူးခဲ့ပြီး အနုပညာလှုပ်ရှားမှုတွေကို စိတ်ရောကိုယ်ပါနှစ်ကာ လုပ်ကိုင်ခဲ့တာ ဖြစ်ပါတယ် ။ လက်ရှိမှာတော့ နေဒွေးက ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းအဖြစ် ဂျစ်တူးအမည်နဲ့ အော်ဂင်းနစ်စူပါဆန်ရောင်းဝယ်ရေးလုပ်ငန်းကို လုပ်ကိုင်နေတာပဲ ဖြစ်ပါတယ် ။ ဒီနေ့မှာလည်း နေဒွေးက သူ့ရဲ့စီးပွားရေးလုပ်ငန်းတွေအတွက် ကော့မှူးမှာ ခြံသွားကြည့်ခဲ့တာ ဖြစ်ပါတယ် ။

Photo Credit-Nay Dway's Fb Acc
Photo Credit-Nay Dway's Fb Acc

နေဒွေးက (၂၀၂၃) မှာလုပ်ကိုင်မယ့် သူ့ရဲ့လုပ်ငန်းအသစ်အတွက် သွားရောက်လေ့လာနေတာဖြစ်ကြောင်း ဗီဒီယိုလေးနဲ့အတူ မျှဝေထားတာ ဖြစ်ပါတယ် ။ နေဒွေးကတော့ သူ့ရဲ့လှုပ်ရှားမှုတွေအားလုံးကို ဗီဒီယိုလေးတွေကိုရိုက်ကူးပြီး ပရိသတ်တွေကြည့်ရှုနိုင်စေဖို့ My Story မှာတင်ပေးနေတာပဲ ဖြစ်ပါတယ် ။ ကဲ ချစ်ပရိသတ်တွေအတွက် မင်းသားချောလေး နေဒွေးရဲ့ဗီဒီယိုလေးကို အောက်မှာပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source & Video Credit-Nay Dway's Fb Story 

Photo Credit-Nay Dway's Fb Acc
Photo Credit-Nay Dway's Fb Acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။