မင်းသမီးချောလေးနဝရတ်ကတော့ တစ်ခေတ်တစ်ခါမှာဆိုရင် ရုပ်ရှင်ဇာတ်ကားကြီးတွေနဲ့ဗီဒီယိုဇာတ်ကားတွေအများအပြားမှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့သူဖြစ်ပါတယ်။နဝရတ်က ယခုချိန်မှာဆိုရင်တော့ အနုပညာအလုပ်တွေနဲ့ အလှမ်းဝေးကွာနေပြီး မိသားစုနဲ့အတူ အေးအေးချမ်းချမ်းနေထိုင်နေတာဖြစ်ပါတယ်နော်။နဝရတ်က အနုပညာအလုပ်တွေမလုပ်ကိုင်တော့ပေမယ့် ပရိသတ်တွေရဲ့ ချစ်မေတ္တာကို ပိုင်ဆိုင်ထားဆဲဖြစ်ပါတယ်။

Photo Credit:Narawatt KO KO's Facebook Account
Photo Credit:Narawatt KO KO's Facebook Account

နဝရတ်က အခုချိန်ထိ လှပနုပျိုနေဆဲဖြစ်ပြီး အသက်ကြီးလာတယ်လို့တောင်မထင်ရပါဘူးနော်။နဝရတ်က ကိုယ်ပိုင်စီးပွားရေးလေးကိုသာ တစိုက်မက်မက်လုပ်ဆောင်နေပြီး မိဘကိုလည်း အချိန်အပြည့်ပေးကာ ပြုစုယုယပေးနေတာဖြစ်ပါတယ်။‌နဝရတ်ရဲ့မေမေက သမီးလေးရဲ့ပြုစုယုယမှုတွေကြောင့် အမြဲပျော်ရွှင်နေရပြီး အသက်ရှည်ရှည်နဲ့ နေထိုင်နေရတာဖြစ်ပါတယ်နော်။

Photo Credit:Narawatt KO KO's Facebook Account
Photo Credit:Narawatt KO KO's Facebook Account

အခုဆိုရင်တော့ နဝရတ်က မေမေ့အတွက် အိမ်မှာ စားစရာတွေကို အပြည့်ထည့်ပေးထားတာဖြစ်ပါတယ်နော်။နဝရတ်က"ထမင်းမကြိုက်တဲ့အမေကြီးအတွက်stay home 2week ok ပြီ"ဆိုပြီး သေချာပြင်ဆင်ပေးထားတာဖြစ်ပါတယ်။နဝရတ်ကတော့ သမီးလိမ္မာလေးပီသစွာနဲ့ မေမေ့အတွက် အစစအရာရာသေချာပြင်ဆင်ပေးထားလို့ ဗီဒီယိုဖိုင်လေးကို ချစ်ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit:Narawatt KO KO's Facebook Account
Photo Credit:Narawatt KO KO's Facebook Account

Photo Credit:Narawatt KO KO's Facebook Account

Source&Video Credit: Narawatt KO KO's Facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။