ပရိသတ်ကြီးရေ ဇာတ်သဘင်လောကမှာ မျိုးရိုးအစဉ်အဆက် နာမည်ကြီးလာတဲ့ တင်မောင်ဆန်းမင်းဝင်းကတော့ ယနေ့အချိန်ထိတိုင် ဇာတ်သဘင်လောကကို တိုးတက်အောင် လုပ်ဆောင်နေဆဲဖြစ်ပါတယ်။တင်မောင်ဆန်းမင်းဝင်းက သူ့ရဲ့သား‌လေးကိုလည်း မြန်မာအကသေချာသင်ပေးပြီး အရွယ်ငယ်ငယ်လေးကတည်းက ပျိုးထောင်လာတာဖြစ်ပါတယ်။တင်မောင်ဆန်းမင်းဝင်းတို့သားအဖနှစ်ယောက်ကတော့ အငြိမ့်တွေမှာ အတူတူတွဲပြီး ကနေကြတာဖြစ်ပါတယ်နော်။

Photo Credit:San Min's Facebook Account
Photo Credit:San Min's Facebook Account

တင်မောင်ဆန်းမင်းဝင်းက မင်းသားချော ဟန်ဇာမိုးဝင်းနဲ့လည်း အရမ်းခင်မင်ရင်းနှီးလို့ နှစ်ယောက်လုံးက တကယ့်ညီအစ်ကိုအရင်းတွေလိုပါပဲနော်။တင်မောင်ဆန်းမင်းဝင်းတို့နှစ်ယောက်လုံးက မာလာမြိုင် မိုးရာသီ သဘင်ပွဲတော်မှာလည်း အတူတူဖျော်ဖြေထားကြပါသေးတယ်။တင်မောင်ဆန်းမင်းဝင်းကတော့ Tik Tok တွေလည်း မကြာခဏဆော့ပြီး အနုပညာရှင်ပီပီ အမူအရာတွေက လုံးဝမထပ်သွားပါဘူးနော်။

Photo Credit:San Min's Facebook Account
Photo Credit:San Min's Facebook Account

အခုဆိုရင်လည်း တင်မောင်ဆန်းမင်းဝင်းက ဟန်ဇာမိုးဝင်းတို့နဲ့အတူ ဈေးထွက်ဝယ်ကြတာဖြစ်ပါတယ်။တင်မောင်ဆန်းမင်းဝင်းက အနုပညာရှင်တစ်ယောက်လည်းဖြစ်တာကြာင့် လုံးဝမရှက်ဘဲ လူစည်ကားတဲ့ဈေးဝယ်စင်တာကြီးထဲမှာ အပီအပြင်ကကာ Tik Tok ကစားတာဖြစ်ပါတယ်။တင်မောင်ဆန်းမင်းဝင်းကတော့ လူတွေများလည်း ဂရုမစိုက်ဘဲ သတ္တိရှိရှိနဲ့ကနေလို့ သူ့ရဲ့ဗီဒီယိုဖိုင်လေးကို ပြန်လည်မျှဝေပေးလိုက်ပါရစေနော်။

Photo Credit:Han Zar Moe Win's Facebook Account
@hanzarmoewin

@tinmgsanminwin ##tiktokmyanmar foryou လုပ်ရဲတယ်နော် အစွမ်းထက်တဲ့

It Really Hurts (Contains music from: Kabet - Gagong Rapper) - mimiyuuuh
@thel_tz

It Really Hurts (Contains music from: Kabet - Gagong Rapper) - mimiyuuuh

Photo Credit:San Min&Han Zar Moe Win's Facebook Account

Source&Video Credit:Thel-tz&Han Zar Moe Win's Tik Tok Acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။